BEC-TERO TV

မြွေအရှင်တစ်ကောင်ကို တီဗီအစီအစဉ်မှာ အစိမ်းလိုက်စားပြသွားတဲ့အမျိုးသမီး

08 Jul 2017     1,537 Views


တရုတ်နိုင်ငံရဲ့ တိုက်ရိုက်ရုပ်သံလွှင့် စွမ်းရည်ပြိုင်ပွဲအစီအစဉ်တခုမှာ တရုတ်အမျိုးသမီးတဦးက မြွေအရှင်တစ်ကောင်ကို အစိမ်းလိုက်စားပြတဲ့ သရုပ်ဖော်မှုကြောင့် ဒိုင်တွေနဲ့ ပြိုင်ပွဲဝင်တွေအားလုံး အထိတ်တလန့်ဖြစ်ကုန်ပါတယ်။
 
 
သူမဟာ မြွေအရှင်တကောင်ကို စင်မြင့်ထက် ယူဆောင်လာပြီး နောက်ခံတီးလုံး စတင်တီးခတ်ချိန်မှာတော့ မြွေသားစားပြတဲ့ သရုပ်ပြမှုကို စတင်ပါတော့တယ်။ သူမဟာ တောရိုင်း တိရစ္ဆာန်တစ်ကောင်လို မြွေကို ကိုက်ဖြတ်သတ်လိုက်ပြီး မြွေရဲ့အရေခွံတွေကို ပါးစပ်နဲ့ခွာထုတ်လိုက်ပါတယ်။ အဲဒီနောက် အသားအစိမ်းတွေကို ကိုက်ဖြတ်စားသောက်ပြီး ဘီယာနဲ့ မျောချနေတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။
 
 
“ကျွန်မက သတ္တဝါအရှင်နေတွေကို အစိမ်းလိုက် စားလေ့ရှိပါတယ်။ ကျွန်မအတွက် ဘာဆိုးကျိုးမှလည်း မကြုံဖူးဘူး” လို့ သူမက ပြောပါတယ်။
“ပထမဦးဆုံးအကြိမ် အသက်ရှင်နေတဲ့ အသားစိမ်းကို စားပြစဉ်က ကျမနဲနဲကြောက်တယ်၊ ဒါပေမယ့် အလေ့အကျင့်ရသွားတဲ့ အချိန်မှာတော့ ဖားတွေ ခိုတွေနဲ့ ငါးရှဉ့်တွေကို အစိမ်းလိုက် စားတယ်”လို့ သူမရဲ့ ပုံမှန်စားနေကျ အသားစိမ်း ဟင်းအမယ်တွေကို ရှင်းပြခဲ့ပါ။
 
 
သူမရဲ့သရုပ်ပြမှုကို ပရိသတ်အများစုရဲ့ စိတ်ဝင်စားမှု ရရှိခဲ့ပြီး သူမကတော့ နေ့စဉ်စားသောက်နေကျ အစားအစာတွေကို ရိုးရိုးလေးပဲ စားပြသွားတာပါလို့ ပြောသွားခဲ့ပါတယ်
 

08 Jul 2017     1,537 Views




RELATED

Most Popular of Special or Others

Most Popular of NEWS