မိမိရဲ့ပုံနဲ့ စတေကာတွေ လုပ်လို့ရတဲ့ အမိုက်စား အပလီကေးရှင်း
08 Jul 2017 2,048 Views

Facebook Messenger, WhatsApp, LINE, Snapchat, Viber နဲ့ iMassage တို့မှာ ကိုယ့်ရဲ့ ဓါတ်ပုံနဲ့ စတေကာလေးတွေကို လွယ်လွယ်ကူကူလုပ်နိုင်မယ့် မိုဘိုင်းအပလီကေးရှင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
စတေကာတွေကို ရိုက်ပြီးသားဓါတ်ပုံတွေက ရွေးချယ်ပြီးလုပ်နိုင်သလို ကင်မရာနဲ့ရိုက်ပြီးတော့လည်း ဖန်တီးနိုင်ပါတယ်။ အားသာချက် လုပ်ဆောင်ချက်တော့ ဓါတ်ပုံမှာ နောက်ခံ background တွေ ဘယ်လောက်ပါပါ အပလီကေးရှင်းက ကိုယ့်ရဲ့ပုံကိုပဲ အလိုအလျှောက် အတိအကျဖြတ်ထုတ်ပေးသွားမှာဖြစ်ပါတယ်။
အဲဒီနောက်မှာ စတေကာနဲ့ ပိုပြီးတူသွားအောင် ဘေးသားအဖြူလေးတွေလည်း ထည့်နိုင်သလို စာတန်းလည်း ထိုးနိုင်မှာဖြစ်ပါတယ်။

Messenger တို့ Viber တို့ကပေးတဲ့ စတေကာလေးတွေထက် ကိုယ်ပိုင်စတေကာလေးတွေ လုပ်ရတာက ပိုပြီးပျော်စရာကောင်းပါတယ်။ လုပ်ပြီးသားစတစ်ကာလေးတွေကို Facebook Messenger, WhatsApp, LINE, Viber နဲ့ iMassage တို့မှာ သုံးနိုင်ပါတယ်။

နာမည်ကျော်ဓါတ်ပုံ အပလီကေးရှင်း Prisma ထုတ်ပေးထားတဲ့ Prisma Lab ရဲ့ ဒုတိယမြောက် အပလီကေးရှင်းဖြစ်ပါတယ်။ “Sticky AI” လို့ အမည်ပေးထားပြီး iOS (iPhone) အတွက် ထုတ်ပေးထားတာ ဖြစ်ပြီး FREE Application ဖြစ်ပါတယ်။
လူမျက်နှာပုံသဏ္ဍန်ကို အသားပေးပြီး တည်းဖြတ်ပေးတာဖြစ်လို့ အခြားအရာတွေကို စတေကာလုပ်ဖို့တော့ အဆင်မပြေတာ တွေ့ရပါတယ်။
>> ဒီနေရာကိုနှိပ်ပြီး သွင်းယူနိုင်ပါတယ် <<








