BEC-TERO TV

အကယ်ဒမီများရှင်ဒါရိုက်တာစိုးသိမ်းထွဋ်(သရုပ်ဆောင်ဆိုးပေ)ကွယ်လွန်

10 Jul 2017     1,810 Views


အသက် ၇၁ နှစ်ရှိပြီဖြစ်သောဒါရိုက်တာစိုးသိမ်းထွဋ်(သရုပ်ဆောင်ဆိုးပေ)သည်( ၁၀ . ၇ .၂၀၁၇) နံနက် ၆နာရီခွဲ အချိန်က Grand Hantha International ဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်သည်။အဖြူအမဲ ရုပ်ရှင်ခေတ်တွင်အက်ရှင်ဇာတ်ကားသရုပ်ဆောင်အဖြစ်အထူးအောင်မြင်ခဲ့ပြီး ဗီဒီယိုခေတ်ဦးတွင်လည်း ဒရာမာရောအက်ရှင်ကာများပါသရုပ်ဆောင်ဒါရိုက်တာအဖြစ်ရိုက်ကူးအောင်မြင်ခဲ့သည်။


ဆေးရောင်စုံကူးပြောင်းပြီးနောက်ပိုင်းဒါရိုက်တာခင်မောင်ဦး(သရုပ်ဆောင်မောင်မဲ)နှင့်တွဲ၍ဇာတ်ကားများစွာရိုက်ကူးအောင်မြင်ခဲ့ပြီးဒါရိုက်တာဆုအပြင်ပါဝင်သောသရုပ်ဆောင်များအတွသရုပ်ဆောင်ဆုများရအောင်စွမ်းဆောက်ပေးနိုင်ခဲ့သည်။၂၀၁၀ခုနှစ်အကောင်းဆုံး ဇာတ်ညွှန်းဆုအပါအ၀င် အကောင်းဆုံးဒါရိုက်တာဆိုကို   ခင်မောင်ဦးစိုးသိမ်းထွဋ် အတွဲက (ပင်လယ်ထက်က နေ၀န်းနီ) ဇာတ်ကားနဲ့ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု = ဝေဠုကျော် (ပင်လယ်ထက်က နေ၀န်းနီ)

တည်းဖြတ်ဆု -မြင့်ခိုင် (ပင်လယ်ထက်က နေ၀န်းနီ)

ဇတ်ညွှန်းဆု-ခင်မောင်ဦး၊စိုးသိန်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ)

အကောင်းဆုံး ဓာတ်ပုံဆု = ပန်းချီ စိုးမိုး (ပင်လယ်ထက်က နေ၀န်းနီ)

ဘယ်ဖက်အစွန်မှလည်ကတုံးအဖြူနှင့်ထိုင်နေသူမှာဒါရိုက်တာစိုးသိမ်းထွဋ်(သရုပ်ဆောင်ဆိုးပေ)ဖြစ်သည်။


10 Jul 2017     1,810 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS