BEC-TERO TV

မိန်းမဖြစ်သူချောမောလှပသလောက် ရုပ်ဆိုးတဲ့လင်ယောင်္ကျာကြောင့် ဝေဖန်မှုမြင့်တက်

10 Jul 2017     1,522 Views


အချစ်ဆိုတာထူးဆန်းပါတယ်။လှသည်ဖြစ်စေ၊မလှသည်ဖြစ်စေ..စိတ်သဘောထားတိုက်ဆိုင်လို့ချစ်သူရည်းစားဖြစ်ကြသလိုအကြောင်းကံပါလို့အိမ်ထောင်ပြုရွှေလက်တွဲနိုင်တဲ့သူတွေရှိပါတယ်။ချစ်သူအတွဲဖြစ်စေအိမ်ထောင်ရှင်အတွဲဖြစ်စေအမြဲတစေ အပြောခံရတာက“ဟွန်းကောင်မလေးကချောသားနဲ့တွဲတာကတောသားနဲ့”၊တစ်ခါတစ်လေတော့လည်း“ကောင်လေးကအလန်းကောင်မလေးကဂွမ်း”ဆိုပြီးတော့ဝေဖန်သံတွေထွက်လာတာပါ။ဝေဖန်သံတွေထွက်လာကြရအောင် သူ့တို့အကျိုးစီးပွား၊သူ့တို့ကိစ္စမဟုတ်ဘဲအလုပ်မရှိကြောင်ရေချိုးအပြစ်ရှာပြောနေကြရအောင်လည်းသူတို့ကဘာမို့လို့ပြောနေကြတာလဲ ..ခက်တယ်လေ..ခက်တယ်..လူတွေကခက်တယ်။သူ့တို့အမြင်ကိုပြောနေကြရအောင်သူတို့အမြင်ကလက်ခံချင်စရာကောင်းတာကို။

အခုလည်း“ကောင်မလေးကချောသားနဲ့တွဲတာကတောသားနဲ့”ဆိုတဲ့အိမ်ထောင်ရှင်အတွဲကိုဝေဖန်နေကြပါတယ်။အဲ့လိုဝေဖန်မှုတွေကြောင့် အိမ်ထောင်ရှင်မဖြစ်သူက သူတို့အတွဲချစ်ခင်ကြည်နှုးမှုပုံရိပ်တွေကို အခုလို ထုတ်ပြပြီးတုန့်ပြန်လိုက်ပါတယ်။

DengsSanPedroအမည်ရှိအမျိုးသမီးကတင့်တယ်လှပတဲ့မျက်နှာ၊ရှိသင့်ရှိထိုက်တဲ့ခန္ဓာ၊စမတ်ကျဆွဲဆောင်ဖွယ်အကွေ့အကောက် ပိုင်ရှင်မိန်းကလေးတစ်ယောက်ပါ။သူ့ခင်ပွန်းဖြစ်သူကတော့သာမန်ရုပ်ရည်လိုမျိုးပေါ့။ရုပ်ဆိုးတယ်လို့တော့ဝေဖန်နေကြတာက သူ့ခင်ပွန်းကိုပါ။ဒါတောင်ဘာလို့သူ့ကိုယူရလဲဆိုပြီး Dengs San Pedro ကိုဝေဖန်နေကြပါတယ်။ နောက်ဆုံးမှာတော့ Dengs San Pedro ကိုယ်တိုင်ချစ်ခင်ကြည်နှုးဖွယ်ချစ်ပုံရိပ်တွေကိုအွန်လိုင်းလူမှုကွန်ရက်မှာထုတ်ပြခြင်နဲ့သူ့တို့ကြားက ချစ်ခြင်းမေတ္တာကို ပညာသားပါပါ ထုတ်ဖော်လိုက်ပါတယ်။

လူတွေဝေဖန်သံကတော့“DengsSanPedroကအရမ်းချောမောလှပပြည့်စုံတဲ့မိန်းကလေးတစ်ယောက်လေ၊ဒီလိုယောင်္ကျားမျိုးနဲ့ မတွဲသင့်ဘူး၊အတူရှိမနေသင့်ဘူး” ဆိုပြီးဝေဖန်နေကြတာပါ။ Dengs San Pedroက “လူ့အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်၊ဝေဖန်ချက်တွေကို လက်မခံပါနဲ့။တကယ်ဆို အချစ်ရေးမှာ ကိုယ့်နှလုံးသားအလိုကျအတိုင်းရှိပါစေ။အခုဆိုရင် ကျွန်မက ကံကောင်းတဲ့အချစ်ရေး ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်လို့နေပါပြီ” လို့ပြန်ပြောခြင်းက ဝေဖန်သံတွေကိုနှုတ်ဆိတ်စေပါတယ်။

 


10 Jul 2017     1,522 Views




RELATED

Most Popular of Special or Others

Most Popular of NEWS