BEC-TERO TV

မင်းသမီးဆိုတာရတဲ့ငွေကြေးထက် ဆုံးရှုံးအနစ်နာခံ လက်လွှတ်ရတာတွေရှိတယ်လို့ပြောလိုက်တဲ့မင်းသမီးကြီး

10 Jul 2017     1,265 Views


မင်းသမီးဆိုတာ လှလှပပ၀တ်စားဆင်ယင်နေထိုင်ကြော့ကြော့မော့မော့သွားလာလှုပ်ရှား  နေပေမယ့် လူမြင်ကွင်းနော်ကွယ်က အများထင်သလို မဟုတ်ပဲ ဘ၀တွေက စိတ်ဝင်စားစရာတွေလဲ များပြားပါတယ် ။

တခေတ်တခါက အောင်မြင်ခဲ့ တဲ့ မင်းသမီးကြီး မေ၀င်းမောင် ကလဲ Public နဲ့ အမြင်နဲ့ကွဲပြားတဲ့ မင်းသမီးတွေရဲ့ ဘ၀ နေထိုင်မှုကို ပြောပြသွားခဲ့ ပါတယ် ။

“မင်းသမီးတွေ သရုပ်ဆောင်ပဲ ဖြစ်ဖြစ် အဆိုတော်ပဲ ဖြစ်ဖြစ် ငွေကြေးထက် ဆုံးရှုံးနစ်နာခံ လက်လွတ်လိုက်ရတာတွေ ရှိပါတယ်။ မုန့်ဟင်းခါးလမ်းဘေးစားချင်ရင်တောင် ပရိတ်သတ်တွေ နှုတ်ဆက်မယ် စကားပြောမယ် သူတို့ က ချစ်လို့ လုပ်တာလေ ။ မလုပ်ပါနဲ့ ပြောလို့ မသင့်တော်ဘူး ။ ဒီတော့ လွတ်လပ်ခွင့် ဆုံးရှုံး

ခံရတော့မှာပေါ့ ။ အောင်မြင်ကျော်ကြားသူတွေဘာပဲ ဖြစ်ဖြစ် မီးမောင်းကြီး အထိုးခံထားရတယ် ။ရိုးရိုးသာမာန်လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးရတာတွေ ရှိပါတယ် ။ ရုပ်ရှင်သရုပ်ဆောင်လုပ်ရတာက လူတွေသိမြင်သလောက်လွယ်ကုတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ အ၀တ်အစား ကြပ်ကြပ်ထုပ်ထုပ် ၀တ်ရတာ ။ မိတ်ကပ်အထူကြီးလိမ်းရတာ။ စာတွေ ကျက်ပြီးဒိုင်ယာလော့စ် ပြောရတာတွေရှိတယ် ။ သရုပ်တူအောင်လုပ်ရတယ် ငိုရတယ် ။ မျက်ရည် အတုမသုံးပဲ အစစ်နဲ့ ငိုတဲ့ သူတွေဆိုရင် ကြာတော့ ရင်ဘက်တွေနာပြီး နှလုံးထိခိုက်တာမျိုးတွေ ဖြစ်တယ် ။ ဒီအလုပ်က ရတဲ့ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလဲ ရှိပါတယ် ။ အများမြင်သလို အကောင်းတွေကြီးပဲ ရှိတာတော့ မဟုတ်ပါဘူး ။

စွန့်လွှတ်အနစ်တာခံတာတွေလဲ ရှိတယ် ။ ပင်လဲ ပင်ပန်းတယ် ။ နေပူထဲ ကျောက်လမ်းတွေပေါ် ပြေးခန်းရိုက်ရတုန်းကလဲ ဖိနပ်မပါဘဲ ပြေးခဲ့ ရတာတွေရှိတယ် ။ သိုင်းချရမယ်ဆိုရင်လဲ ချလိုက်တာပဲ ။ သိုင်းကားရိုက်ရင်း ဒါရိုက်တာက ခုတ်ခိုင်းတော့ မင်းသားက ခုတ်လိုက်တာ လက်ကိုထိသွားတာမျိုးတွေ ကြုံဖူးတယ် ။

ရိုက်ကွင်းတွေပေါ်မှာ ဖိုက်တင်ခန်းတွေရိုက်ရင်း ထိခိုက်ဒဏ်ရာဖြစ်ရတာတွေရှိတယ် ။ တကယ်ကိုပေးဆပ်ရတဲ့ ဘ၀မျိုးတွေပါပဲ ။

ဘ၀တစ်ခုက အကောင်းနဲ့ အဆိုးဒီလိုပဲ ဒွန်တွဲနေမှာပါပဲ ။ မင်းသမီးမှ မင်းသားမှ မဟုတ်ပါဘူး ။ ဘ၀ဆိုတာ ဘယ်သူမဆို အကောင်းအဆိုး ဒွန်တွဲနေတာ ပါလို့ မင်းသမီးကြီး မေ၀င်မောင် က သရုပ်ဆောင်တွေရဲ့ ဘ၀ ကို ပြောပြသွားခဲ့ ပါတယ်။ 


10 Jul 2017     1,265 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment