BEC-TERO TV

တရုတ်နိုင်ငံက အလှဆုံးတင်ပါးပိုင်ရှင် ၁၉နှစ်အရွယ်ကောင်မလေး

10 Jul 2017     1,469 Views


တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ တင်ပါးအလှပြိုင်ပွဲမှာ အလှဆုံးတင်ပါးဆုကိုရရှိခဲ့သူကတော့ အသက်၁၉နှစ်ရွယ် Gao Qia ပဲဖြစ်ပါတယ်။ သူမက ပြိုင်ပွဲပေါင်း၄၉ ပွဲအထိ ဆုတံဆိပ်ပေါင်းများစွာအနိုင်ရရှိထားသူတစ်ယောက်ပါ။တရုတ်နိုင်ငံက တင်ပါးအလှပြိုင်ပွဲဆိုတာက ဘရာဇီးနိုင်ငံက Miss BumBum လို့ခေါ်တွင်တဲ့ တင်ပါးအလှပြိုင်ပွဲပုံစံ အသွင်ယူပြုလုပ်တဲ့ပွဲပါ။

GaoQiaကိုယ်တိုင်ဘရားဇီးမီဒီယာတွေကMissBumBumနဲ့ပတ်သက်တဲ့ရေးသားဖော်ပြချက်တွေကိုလေ့လာခဲ့သလိုသူအိမ်မက်ကလည်း Miss BumBumတစ်ယောက်အသွင် ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ပါ။ အချိန်နာရီပေါင်းများစွာကြာ GYM ကစားခဲ့ပြီး၊ခက်ခဲပြင်းထန်တဲ့ လေ့ကျင့်မှုတွေနဲ့ စွမ်ဆောင်ရည်ပြည့်ဝဖို့ ကြိုးစားခဲ့တယ်လို့ Gao Qia ကဆိုပါတယ်။

 

“ပြိုင်ပွဲဝင်ပြိုင်ဖို့လက်မှတ်စထိုးတော့အဖေကအပြည့်အ၀ထောက်ခံအားပေးမှုပေးခဲ့ပါတယ်။မိသားစုရဲ့ယုံကြည်မှုရရှိခဲ့တာကလည်း ခွန်အားအပြည့်အ၀ရရှိစေပါတယ်” လို့ Gao Qia ကအတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ပြိုင်ပွဲမှာ ဆုရရှိခဲ့လို့ တရုတ်ငွေ ယွမ် ၅၀၀၀ ရရှိခဲ့ပါတယ်။


10 Jul 2017     1,469 Views




RELATED

Most Popular of Special or Others

Most Popular of NEWS