BEC-TERO TV

အထက်တန်းကျောင်းတွင် ကျောင်းသားများ တုတ်ဓါးများကိုင်ဆောင်၍ ခိုက်ရန် ဖြစ်ပွား

10 Jul 2017     1,933 Views


စစ်ကိုင်းအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်ကျောင်းသားများတုတ်ဓါးများကိုင်ဆောင်၍ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ဖြစ်စဉ်မှာစစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းသားအချင်းချင်း ဝါဆိုဆိုလပြည့်နေ့ စစ်ကိုင်းတောင်ပေါ်တွင် အချင်းများရာမှ ခံရသည့် အဖွဲ့က မကျေနပ်၍ ဒုတ် ဓါး များ ကိုင်ဆောင်၍ ဇွန်လ ၁၀ ရက် နေ့ နံနက် ၈နာရီ ၂၀ခန့် နဝမတန်း စာသင်ဆောင်ရှေ့ လာရောက်ထိုးနှက်ခဲ့၍ နဝမတန်း ကျောင်းသား ပြည့်ဖြိုး အောင် ကျောတွင် ထိုးနှက်ဒဏ်ရာနှင့် ချစ်ဦးမောင် ဘယ်လက် တွင် ထိုးသွင်းဒဏ်ရာ နှင့် ဦးခေါင်း ဘယ်ညာ ပေါက်ပြဲ ဒဏ်ရာနှင့် တင်လင်းသူရ ညီထက်နိုင် မင်းဇော်ဦး တို့တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာကျောဘက်တို့ တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦးသတင်း ရရှိသည်။

 

Source : ကျော်ထူး (စစ်ကိုင်း)


10 Jul 2017     1,933 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS