BEC-TERO TV

ဒွေးကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်တွင် ဒွေးကိုယ်တိုင်ရေး ပန်းချီကားအချို့ နှင့် အသုံးအဆောင် ပစ္စည်းများ လေလံတင်ရောင်းချမည်

11 Jul 2017     1,336 Views


သရုပ်ဆောင်ဒွေးကွယ် လွန်ခြင်း (၁၀)နှစ်ပြည့် အမှတ်တ ရပွဲကို ဇူလိုင် ၂၁ ရက်တွင် လှည်း တန်းစင်တာ၌ ပြုလုပ်မည်ဖြစ်ကြောင်း သရုပ်ဆောင်ဒွေး၏ဇနီးဖြစ်သူ ဒေါ်မိုးမိုးက သူမ၏ဖေ့စ် ဘွတ်ခ်တွင် ရေးသားဖော်ပြခဲ့သည်။


အဆိုပါပွဲကို Mandalay Entertainment နှင့် Vitacap အားဆေးတို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဒွေးရေးဆွဲခဲ့သော ပန်းချီကား (၉)ကားနှင့် ဒွေးဝတ်ဆင်ခဲ့သော ဂျာကင်အချို့ကို လေလံ တင်ရောင်းချမည်ဖြစ်ပြီး ရရှိလာသည့် ငွေများကို ဒွေးလှူဒါန်းခဲ့သော ဘုရားပုထိုးစေတီများနှင့် ရေတွင်းရေကန်များ ပြန်လည် ပြုပြင်မည်ဟု ဇနီးဖြစ်သူက ပြောကြားသည်။


အားလုံးဝယ်နိုင်တဲ့ဈေး လေး။ ငါးထောင်ကနေ သုံးသောင်းဝန်းကျင်လောက်။ ဒီအထဲမှာလည်း Brand တွေပဲ ပါလာမှာပါ။ အစ်မချန်ထားတာတွေ အားလုံးက Brand တွေများပါတယ်။ ရတာကို သူလှူခဲ့တဲ့ ရေ တွင်းတို့၊ ကျောင်းတို့၊ စေတီတို့ရှိ တယ်။ အစ်မလည်း သက်ရှိထင် ရှားရှိနေတုန်းမှာ တခြားနေရာ သစ်ထပ်မလှူဘဲ မပျောက်ပျက်အောင်၊ မပျက်စီးအောင်၊ သူလည်းအကျိုးရှိအောင် အိမ်မှာသိမ်းထား ပြီး ဆွေးသွားမယ့်အတူတူဆိုပြီး ဒီစိတ်ကူးလေးကို ကြံစည်တာပါ


ပထမတော့ အစ်မတို့ မနက်ဖြန် (ဇူလိုင် ၁၁) လုပ်ဖို့ စီ စဉ်တာပါ။ အစ်မက ပစ္စည်းတွေ ရှင်းရမှာရယ်။ အစ်မတို့လိုချင်တဲ့ နေရာမရတာရယ်ကြောင့် ရက် ရွှေ့သွားတယ်။ ၂၁ ရက် ညနေ ၄ နာရီကနေ ၇ နာရီကို လှည်း တန်းစင်တာမှာလုပ်မယ်” ဟု မမိုး မိုးက ဇူလိုင် ၁၀ ရက်က ပြုလုပ်ခဲ့ သည့် Mandalay Fm ရေဒီယိုနှင့် တိုက်ရိုက်အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
ဒွေးကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်သည့် ဇူလိုင် ၁၁ ရက်တွင် နေအိမ်၌ ဘုန်းကြီးငါးပါးပင့်ကာ ဝါဆိုသင်္ကန်းကပ်လှူမည်ဖြစ်ကြောင်း သိရှိရသည်။

7DayDaily


 


11 Jul 2017     1,336 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS