BEC-TERO TV

ဝ,နေလည်း လှပအောင်မြင်သူဖြစ်တယ်ဆိုတာ သက်သေပြချင်တဲ့ ဖွေးဖွေး

11 Jul 2017     1,431 Views


ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးက ဇာတ်ကားရဲ့ လိုအပ်ချက်အရ ဝိတ်ချဖို့လိုရင် ဝိတ်ချလိုက်ပြီး မလိုအပ်ရင်တော့ ဝ,နေတဲ့အတိုင်းပဲ ကားရိုက်လိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာလည်း အကြောင်းရှိပါတယ် အွန်လိုင်းမီဒီယာကနေ သူမ ဝ,နေတာကို ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ် ဝေဖန်ထားသူတွေကို ဖွေးဖွေးဟာ ဝ,နေသည့်တိုင်အောင် လှပအောင်မြင်နေသူတစ်ဦးဖြစကြောင်း သက်သေပြချင်လို့ပါလို့ ဆိုပါတယ်။

“ဖွေးက ကာရိုက်တာမှာ ဝိတ်ချရမယ်ဆိုရင် ဖွေးဝိတ်ချလိုက်တယ်၊ မလိုဘူးဆိုလည်း ဝတဲ့အတိုင်း ဖွေးရိုက်တယ်။ ဘာလို့လဲဆိုရင် ဖွေးစိတ်ထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဝတာကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခံရဖူးတယ်။ အဲဒီအချိန်မှာဖွေးစဉ်းစားလိုက်တယ်။ ငါ ဝတာ တစ်ခုပဲရှိတယ်။ ကိုယ့်အလုပ်လဲ ကိုယ်တာဝန်ကျေတယ်၊ ကိုယ့်လိပ်ပြာလည်း ကိုယ်လုံတယ်။ ဒီအချိန်မှာ ဖွေးအရမ်းကြီး ဝိတ်ချလိုက်ရင် ကိုယ့်ကို ရိုင်းစိုင်းထားတဲ့လူတွေ အရမ်းစိတ်ဓါတ်တက်သွားမယ်။ ကိုယ့်ကိုအားပေးတဲ့သူတွေ စိတ်ဓါတ်ကျသွားမယ်။ အဲ့ဒီအတွက် ဖွေးဝလည်း အောင်မြင်ပြီး လှလှပပနေနိုင်တယ်ဆိုတာ သက်သေပြချင်လို့ပါ” ဟု ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။


 


11 Jul 2017     1,431 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment