BEC-TERO TV

သမီးကြီးဆိုတော့ မိသားစုအားကိုးရအောင်ကြိုးစားမယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး

11 Jul 2017     1,281 Views


သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီး ဖြစ်တဲ့ ယွန်းဝတီလွင်မိုး  အဖေဖြစ်သူရဲ့ လက်တလော ရုံတင်ပြသမယ့် သူငယ်ချင်းယောက်က္ခမ (၂) ရုံတင်တော့မယ် ဆိုတော့ ရင်ခုန်နေတဲ့ အကြောင်းပြောထားပါတယ်။ ဖေဖေက အကြာကြီးနားပြီးမှ ဒီလိုကားပြန်ထွက်တော့ အရမ်းဝမ်းသာတာပေါ့နော် ။ ကြည့် ရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ် ။ စီးပွားရေးတွေပဲ လုပ်နေတဲ့ ဖေဖေ ကားတွေ ပြန်ရိုက်ရင်လဲ သမီးက အားပေးမှာပါ ။ ငယ်ငယ်က ဖေဖေ ရုပ်ရှင်ရိုက်တဲ့ အခါ အနစ်နာခံရတဲ့ အခန်းတွေ နာရတဲ့ အခန်းတွေ ရိုက်ရင် လိုက်ငို တယ် အဖေဆိုတော့ မကြည့် ရက်ဘူးပေါ့နော် ။ ရယ်ရတဲ့ ဟာသကားတော့ ပိုအားပေးချင်တယ် ။

အခုလို အကြာကြီးနေမှ ပြန်ထွက်ဖြစ်တဲ့ အတွက် ဖေဖေ့ ရဲ့ ပရိတ်သတ်တွေလဲ အလွမ်းပြေမယ် ထင်ပါတယ်။

သမီးကတော့ ဖေဖေ စီးပွားရေးပဲ လုပ်လုပ်ရုပ်ရှင်ပဲ ရိုက်ရိုက် အမြဲ အားပေးနေမှာပါ ။ စီးပွားရေးဆိုလဲ နောက်ပိုင်းသမီးနဲ့ အတူတူ လက်တွဲ လုပ်ရမှာပဲ လေ ။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဆုံးဖြတ်ပြီးတဲ့ အတွက် အနုပညာအလုပ်တွေကို ဖြည်းဖြည်းလေးပဲ လုပ်ဖြစ်နေတာလဲ ဖြစ်ပါတယ် ။ အများကြီး ရိုက်နေရင်းနဲ့ တုံးတိကြီးထွက်မသွားချင်ဘူး ။ ပညာရေးကိုတော့ စီးပွားရေး ပဲ ဖြစ်ဖြစ် ၊ Management ပဲ ဖြစ်ဖြစ် ယူဖြစ်မှာပါ ။

ကျောင်းပြီးမှ အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာ ဖြစ်ပြီး Photo Model ပဲ လုပ်ပြီး သရုပ်ဆောင်အတွက်ကတော့ တော်တော်စဉ်းစားရအုံးမှာပါ ။

ဖေဖေ့ သမီးဖြစ်ရတာ သဘောကျတယ် ဖေဖေ့ကြောင့်လဲ ပရိတ်သတ်ပိုသိလာခဲ့ တာပါ ။ စီးပွားရေးနဲ့ ပတ်သတ်ပြီးတော့လဲ ဖေဖေ့ကို ကူညီချင်တယ်။ မိသားစုကို အထောက်အပံ့ပေးချင်တယ် ။သမီးကြီးဆိုတဲ့ စိတ်နဲ့ ရအောင်ပညာသင်ပြီးတော့ ကုမ္ပဏီထဲမှာနေရာတခုရအောင် ယူရမှာပါ ။ သြစတြေးလျမှာ ကျောင်းတက်နေတာ ခြောက်လလဲ ဖြစ်နေပါပြီ ။

အနုပညာအလုပ်တွေ ခန နားပြီး ကျောင်းသွားတက်နေတဲ့ အချိန်မှာ ပရိတ်သတ်တွေကိုလည်းမမေ့သွားပါဘူး ။ Social Media ကနေ ဓာတ်ပုံလေးတွေ အမြဲ တင်ရင်း ပရိတ်သတ်နဲ့ အမြဲဆက်သွယ်သွားနေမှာပါလို့ ပြောသွားခဲ့ ပါတယ် ။ 

 

Credit:oasis


11 Jul 2017     1,281 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment