BEC-TERO TV

ကလေးအချင်းချင်း ဆော့ကစားရာမှ ၂ နှစ်သမီးလေး ၁၇ လွှာက ပြုတ်ကျသေဆုံး

11 Jul 2017     1,257 Views


လျှောက်ပြေးဆော့ကစားတတ်တဲ့အရွယ် ကလေးငယ်များရှိတဲ့ မိဘတွေအနေနဲ့ ကလေးတွေကို မိမိမျက်စိအောက်က ဘာကြောင့် အပျောက်မခံသင့်လဲဆိုတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကလေးတွေ သူဟာသူကစားနေကြတာပဲလေဆိုပြီး ခဏလေးလွှတ်ထားမိခဲ့တဲ့အတွက် အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အထပ်မြင့်နေအိမ်ရဲ့ ၁၇ လွှာကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။


တရုပ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှာမြို့ရှိ ၁၈ လွှာအထပ်မြင့် နေအိမ်တိုက်ခန်းရဲ့ ဓါတ်လှေကားထဲမှာ သေဆုံးသူ အသက် ၂ နှစ်အရွယ် ‘လီလီ’ ဆိုတဲ့ မိန်းကလေး၊ အခြား အသက် ၄ နှစ်ဝန်းကျင် မိန်းကလေးတစ်ဦးနှင့် အသက် ၅ နှစ်အရွယ် ကောင်လေးတစ်ဦးတို့ လိုက်ပါလာကြပါတယ်။


စီစီတီဗီပုံရိပ်အရ သူတို့ဆင်းရမည့်အထပ်ရောက်သည့်အခါ သုံးဦးစလုံး ဓါတ်လှေကားထဲက ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် အသက်အကြီးဆုံးကောင်လေးက လီလီ ကို နောက်ပြောင်ချင်တဲ့စိတ်နဲ့ ဓါတ်လှေကားထဲ မ ချီပြီး တစ်ယောက်ထဲ ပြန်ထည့်ပေးခဲ့ပြီး အထပ်အမြင့်ဆုံး နံပါတ်ကို နှိပ်ပြီး ထွက်ခဲ့ပါတယ်။


ဓါတ်လှေကားထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ လီလီဟာ ၁၇ ထပ်မှာ တံခါးပွင့်သွားတဲ့အတွက် အပြင်ထွက်ခဲ့ပါတယ်။ အဲဒီကနေ တိုက်အောက်ကို ပြုတ်ကျပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
ရဲများ၏ စစ်ဆေးချက်အရ ၁၇ လွှာရှိ တိုက်အဆက်ကြားမှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

 

 



မိဘများအလုပ်သွားခိုက် အဘွားဖြစ်သူ၏ အုပ်ထိန်းမှုအောက်တွင် ရှိနေစဉ် ယင်းကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ လီလီ သေဆုံးခဲ့မှုကို ဝမ်းနည်းသည့်အထိန်းအမှတ်အဖြစ် တိုက်တွင်နေထိုင်သူများက စုပေါင်းမီးထွန်းကာ ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

 



လီလီကို ဓါတ်လှေကားထဲ ပြန်ချီ၍ တစ်ယောက်ထဲထားခဲ့သော ကောင်လေး၏ မိသားစုများအနေနဲ့ တာဝန်ယူမှု ရှိ၊ မရှိကိုမူ ရဲများက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
 


11 Jul 2017     1,257 Views




RELATED

Most Popular of Special or Others

Most Popular of NEWS