အဝေးပြေးလမ်းတွင် Facebook Live လွှင့်ရင်း အရှိန်နဲ့မောင်းစဉ် ယာဉ်တိုက်မှုဖြစ်ပွား(ရုပ်သံ)
11 Jul 2017 1,386 Views

အဝေးပြေးလမ်းမပေါ်တွင် သူငယ်ချင်းနှစ်ဦးကားကို အရှိန်ဖြင့်မောင်နှင်ကာ Facebook Live လွှင့်နေစဉ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းသူ အမျိုးသမီးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အခြေအနေ စိုးရိမ်ရသည်။
ချက်ရီပါ့ဘလစ်နိုင်ငံရှိ ဟိုင်းဝေးလမ်းပေါ်တွင် ဘောက်စ်ဝက်ဂွန်ကားကို တစ်နာရီလျှင် ၇၄.၅ မိုင်နှုန်းဖြင့် မောင်းနှင်ခဲ့ပြီး သေဆုံးခဲ့သူ အသက် ၂၂ နှစ်အရွယ် Nikol Barabasova မှ Facebook Live လွှင့်ကာ ရယ်ရယ်မောမောနှင့် နှစ်ဦးသား စကားပြောရင်း သီချင်းများဆိုကာ မောင်းလာခဲ့ကြသည်ကို ဗီဒီယိုထဲတွင် မြင်တွေ့ခဲ့ရသည်။ အဲသည်နောက်မှာတော့ Nikol က ရုတ်တရက် တစ်ခုခုကို မြင်လိုက်ပြီး ကြောက်လန့်တစ်ကြား အော်သံနဲ့အတူ ကားမှာတိမ်းမှောက်သွားခဲ့သည်။
ကားမောင်းသူက ကားကိုထိန်းရန်ကြိုးစားသော်လည်း ကားမှာပက်လက်လန်သွားပြီး Nikol က ကားရှေ့ကို ကျွံထွက်သွားကာ ဖုန်းက ဗီဒီယိုရိုက်ကူးလျှက် ထိုင်ခုံပေါ်လွတ်ကျသွားခဲ့သည်။ ကားတစ်စီးလုံးငြိမ်သက်နေပြီး ဝိုက်ပါရွှေ့နေသံသာကြားနေခဲ့သည်။ နောက်ဆုံးမှာ ကယ်ဆယ်ရေးများရောက်လာကာ Live လွှင့်နေခြင်းကို ရပ်တန့်လိုက်ရသည်။