မော်လမြိုင်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ် အမျိုးသမီး ရွေးချယ်ခံရ
12 Jul 2017 1,863 Views

ပြီးခဲ့တဲ့လက မော်လမြိုင်တက္ကသိုလ်ကျေင်းဝန်းအတွင်း "မော်လမြိုင်တက္ကသိုလ် အတွင်းရှိ မအိမ်သာများတွင် အမျိုးသမီးများ အရေးပေါ်လိုအပ်ချိန်တွင် အသုံးပြုနိုင်ရန်အတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများကို ထားရှိပေးထားပါတယ်ရှင်" လို့ ပြောကြားခဲ့သူမနှင်းဝေသူတစ်ယောက်မော်လမြိုင်တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရတယ်လို့ သိရပါတယ်။
မော်လမြိုင်တက္ကသိုလ် ရူပဗေဒ ဒုတိယနှစ်တွင် ပညာသင်ကြား နေသည့် အသက် ၂၀ နှစ်အရွယ် မနှင်းဝေးသူသည် မော်လမြိုင် တက္ကသိုလ် တလထော ခန်းမ၌ ဇူလိုင် ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမဆုံး အကြိမ် မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ရွေးကောက်ပွဲတွင်ထောက်ခံမဲ ၁၄၄ မဲဖြင့် အမျိုးသမီး ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ခံခဲ့ရခြင်းဖြစ်ပါတယ်။
မနှင်းဝေးသူ၏ ကိုယ်ရေးအကျဉ်း
=====================
အမည် - မနှင်းဝေးသူ
အသက် - ၂၀
နေ့ရက် - ၃-၁-၁၉၉၇
ပညာအရည်အချင်း - ရူပဗေဒ (ဒုတိယနှစ်)
သမဂ္ဂဝင်သည့်နှစ် - ၂၀၁၆
သမဂ္ဂတွင် ထမ်းဆောင်ဖူးသောရာထူး - ပြင်ပဆက်ဆံရေးတာဝန်ခံ