BEC-TERO TV

ဝေဖန်ခြင်း ခံနေရတဲ့ စန္ဒီမြင့်လွင် ရောင်းတဲ့ ဖိနပ်

12 Jul 2017     1,340 Views


မကြာသေးခင်က စန္ဒီမြင့်လွင်ရောင်းချနေတဲ့ ဖိနပ်တွေနဲ့ ပတ်သတ်ပြီးလူမှု ကွန်ယက်မှာတော့ အခုလို ဝေဖန်မှုတွေကို တွေ့နေရပါတယ် ။ ဝေဖန်ပုံကတော့

“ပြောစရာစကားမရှိတော့ပါဘူး မမဂျင်း စန္ဒီမြင့်လွင်ရေ 
ကိုယ့်နာမည်အပျက်ခံပြီး ခုလို ရိုက်စားလုပ်တာတော့ လွန်လွန်းပါတယ်။ 
တကယ်ဆို ၂၀၅၅၀ +ပို့ခ ၂၀၀၀ =၂၂၅၅၀ ကျပ် ဆိုတာဟာ သိပ်တန်တဲ့ ငွေပမာဏတော့မဟုတ်ပါ။ 
ကျမလိုပဲ စန္ဒီမြင့်လွင် fun တွေ အားပေးချင်တဲ့ သူများ သို့ အညာ(ဂျင်းမထည့်)ခံရစေရန်ရည်ရွယ်ပါသည်။
koekofashion handmade 
handmade ကတော့ မှန်ပါတယ် သူများတံဆိပ်ပေါ်မှာ koeko တံဆိပ်ကို ကော်ကပ်ထားတယ်။ 
အင်္ကျီချုပ်ရင်တပ်တဲ့ ပန်းပွင့်ကို ဖနောင့်နေရာမှာကော်နဲ့ ကပ်ပေးထားတယ်
#handmade စစ်စစ်ပါပဲ 
#လွတ်လပ်စွာshareခြင်းဖြင့်အခြားအမျိုးသမီးလေးများဂျင့်ထည့်ခံရခြင်းကိုကာကွယ်နိုင်စေရန်ရည်ရွယ်ပါသည်။” ဆိုပြီး ရေးသားထားကြပါတယ်။ 

Credit:Thet thet tashiro


12 Jul 2017     1,340 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment