BEC-TERO TV

ကိုယ့်ဆီမနေချင်တဲ့ သူကိုဆွဲမထားဘူးလို့ ပြောလိုက်တဲ့ ခင်ဝင့်ဝါ

12 Jul 2017     1,358 Views


လက်တလော ပွဲတက်တွေများနေခဲ့ ပြီး ကာရိုက်တွေလဲ ဆက်တိုက်ရှိနေတဲ့ ခင်ဝင့်ဝါဟာ ချိုမြိန်သော လက်စားချေခြင်း ဇာတ်ကားမှာ သရုပ်ဆောင် ခဲ့ ရတဲ့ အပေါ် အားမရဘူးလို့လဲ ပြောထားပါတယ် ။ လုပ်သင့်တာတွေ အများကြီး ရှိပေမယ့် မလုပ်ခဲ့ မိတာတွေ လိုသွားတာတွေရှိပေမယ့် ပရိတ်သတ်က သရုပ်ဆောင်ပိုင်းတွေ မဆိုးဘူးဆိုတဲ့ feedback လေးတွေရတော့ ပျော်ရပါတယ် ။

ဒီကားထဲ က ပုံစံ အတိုင်း အပြင်မှာတော့ မခံစားဘူးသေးပါဘူး ။ တကယ်လို့ အာ့လို ပုံစံ လာလုမယ်ဆိုရင်တော့ ယူသွားပေါ့နော် ။ ကိုယ့်ဆီမနေချင်တဲ့လူတစ်ယောက်ကို သွား မသွားကတော့ ကိုယ့်လူပါမှဖြစ်တာကို ။ ကိုယ့်လူကသွားချင်တယ်ဆိုရင်တော့မတားဘူးလေ ။ဆွဲထားမယ့်လူထဲမှာတော့မပါပါဘူး ။

ပရိတ်သတ်တွေ သဲသဲလှုပ်ချစ်ကြတာကို အရမ်းပျော်တယ် ပြိုင်ပွဲကနေ အခုထိ အားပေးကြတဲ့ ပရိတ်သတ်ကိုလဲ  အရမ်းကျေးဇူးတင်ပါတယ် ။ အားပေးကြသလို ဖြူဖြူစင်စင်လေး ဖြစ်နေအောင်လဲ အမြဲ ကြိုးစားသွားမှာပါ ။ အချစ်ရေးကတော့ အေးအေးဆေးဆေး ပါပဲ လို့ ပြောသွားခဲ့ ပါတယ် ။ 

Credit:oasis


12 Jul 2017     1,358 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment