BEC-TERO TV

ကျန်းမားရေးမကောင်းလို့ ဆေးရုံတက်နေတဲ့ ပြည်သူ့ချစ်မင်းသမီးလေး ခိုင်နှင်းဝေ

12 Jul 2017     1,594 Views


သွေးလုံး သားလုံး (Mayoma) ရောဂါကြောင့် သရုပ်ဆောင် ခိုင်နှင်းဝေ က ဇူလိုင်လ (၈) ရက်နေ့က ရန်ကုန်၊ Woman Center သို့ တက်ရောက်ခဲ့ပြီး (၉) ရက်နေ့ မနက်ပိုင်းမှာ ခွဲစိတ် ဆေးကုသမှု ခံယူခဲ့ပါတယ်။

လက်ရှိမှာတော့ "နေကောင်းလာပါပြီ...သူငယ်ချင်းမိတ်ဆွေများစိတ်ပူနေကြမှာစိုးလို့ပါ...

ဆုတောင်းပေးကြသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင့်..." လို့ခိုင်နှင်းဝေကဆိုထားပါတယ်။

လောလောဆယ်မှာတော့ဆေးရုံကနေမဆင်းသေးပါဘူး။ဆေးရုံးကနေဆင်းတာနဲ့ ပရဟိတလုပ်ငန်းတွေရော အနုပညာလုပ်ငန်းတွေမှာပါ အခုထပ်ပိုပြီး အားတက်သရောလုပ်ဆောင်သွားပါမယ်လို့ ပြောကြားထားပါတယ်။ ပရိသတ်ကြီးရေ..ဆုတောင်းပေးကြအုံးနော်....


12 Jul 2017     1,594 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS