BEC-TERO TV

စိတ်မပင်ပန်းဘဲ Unity ဖြစ်တဲ့ကားမျိုးထပ်ရိုက်ချင်သေးတယ်ဆိုတဲ့ လွင်မိုး

12 Jul 2017     1,246 Views


အနုပညာလောက ကနေကင်းကွာနေတဲ့ လွင်မိုးတစ်ယောက် လက်ရှိရုံတင်နေတဲ့ သူငယ်ချင်းယောက္ခမ (၂ ) ဆိုတဲ့ ဇာတ်ကားနဲ့ ပိတ်ကားပေါ်မှာ ပြန်လည်တွေ့ရပါပြီ ။အနုပညာ မောင်နှမတွေနဲ့ လဲ မတွေ့ရတာကြာပြီ ဖြစ်သလို ကိုနိုင်ကြီး (ကျော်ရဲအောင် ) နဲ့ လဲ ၁၉၉၂ ထဲက ခင်ခဲ့ ပြီး ဇာတ်ကားတွေ တော်တော်များများတွဲရိုက်ခဲ့ ဘူးတယ် ။တစ်ယောက်နဲ့တစ်ယောက်လဲ တခါမှပြသာနာမဖြစ်ဖူးဘူး ။ ညီအကိုအရင်းတွေလိုပဲ အလုပ်တွေ တွဲလုပ်ခဲ့ ကြတယ် ။

ဝါသနာ အရ ပြန်လုပ်တာဆိုတော့ စိတ်ညစ်တော့ မခံနိုင်တော့ဘူး ။ ဒါကြောင့် အခုလို အချိတ်အဆက်မိတဲ့ အပေးအယူမျှတဲ့ ပြန်လုပ်ချင်တယ် ။စိတ်ပင်ပန်းရတဲ့ သရုပ်ဆောင်မှုမျိုးတွေတော့  မလုပ်ချင်တော့ဘူး ။ ဒီအသက်အရွယ်ကြမှ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှု မျိုးကို မလိုချင်တော့ဘူး ။

ရိုက်ကွင်းပေါ် တစ်ယောက်တစ်ပေါက်နဲ့ unity မဖြစ်တဲ့ ကားမျိုးတွေကို မရိုက်ချင်တော့ဘူး ။ အခု ရုံတင်မဲ့ ကားလေးဟာလဲ ပရိတ်သတ်တွေ ခဏတဖြုတ် အပျင်းပြေမယ်လို့တော့ ထင်ပါတယ် ။ မကြာခင်က ဖြစ်သွားခဲ့ တဲ့ စီးပွားရေး ၊မြေယာရေး ၊ အရှုပ်အရှင်းကိစ္စတွေကတော့ အားလုံးပြီးသွားပါပြီ ။အမှန်တရားကတော့ အမှန်တရားပါပဲ ။ စိတ်ပူပေးကြတဲ့ သူတွေ အကုန်လုံးကိုတော့ ကျေးဇူးတင်ပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit:oasis


12 Jul 2017     1,246 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment