BEC-TERO TV

သူ့အတွက် အမှတ်တမဲ့ပေမယ့် ကျွန်တော်အတွက်ထိခိုက်နာကျင်ခံစားခဲ့တယ် ဆိုတဲ့ Tyron

12 Jul 2017     1,345 Views


လူမှု ကွန်ယက်အွန်လိုင်းပေါ်မှာ ကြိုးစားခဲ့ ရပုံနဲ့ ဖြတ်သန်းခဲ့ ရတဲ့ ပုံရေးသားထားတဲ့ status လေးတစ်ခုကြောင့် ပရိတ်သတ်ကြား လူပြောများနေတဲ့ တိုင်ရွန်က

“ ကျွန်တော်က ရိုးရိုးလေးပဲ အမှတ်မထင်ရေးလိုက်တာပါ ။ အဲ့ဒါကိုလူတွေက တော်တော်သဘောကျသွားကြတယ် ။Producer တစ်ယောက်ကလဲ ကျွန်တော့်ဇာတ်ကို စိတ်ဝင်စားတယ်ဆိုပြီး ရိုက်ခွင့်ပေးဖို့ ခွင့်တောင်းတယ် ။ သေချာဇာတ်ညွှန်းဆရာတွေနဲ့ မွန်းမံလိုက်ရင် ပရိတ်သတ်စိတ်ဝင်စားမယ့် ဇာတ်တစ်ကားလို့ လဲ ပြောတယ် ။ အဲ့ဒိထဲက ကောင်မလေးက ကျွန်တော့ အကောင့် မှာ fri အနေနဲ့ ကို ရှိတဲ့ အတွက်သိမှာပါ ။ ကျွန်တော် သူံကို ပြောထားမှန်းလဲ သူသိမှာပါ ။ကျွန်တော့ ကို သူ လာ မမေးသလို ကျွန်တော်ကလဲ သူ့ ကိုပြောထားတယ်လို့ မပြောပါဘူး ။ သူ့ကိုတော့ အားနာပေမယ့် တင်ပြီးမှတော့ မတက်နိုင်တော့ဘူးလေ ။ ခံစားရတဲ့ အတိုင်းရေးလိုက်တာ ဒီလောက်ကြီးကျယ်သွားလိမ့်မယ်လို့ ကျွန်တော် မထင်မိလိုက်ဘူး ။

ဒါပေမယ့် သူ့ကြောင့်ပဲ ကျွန်တော်ဒီလို ကြိုးစားဖို့ ဖြစ်လာတာပါ ။ သူများထိခိုက် နစ်နာအောင်စိတ်တော့ မရှိပါဘူး ။ ဒီအဖြစ်အပျက်ကြောင့် အိမ်ထဲကနေ အိမ်ပြင်မထွက်ချင်လောက်အောင် ကျွန်တော် စိတ်ဓာတ်ကျခဲ့ တဲ့ နေ့ ရက်တွေကို ဖြတ်သန်းနိုင်အောင် ကျွန်တော် ကြိုးစားတယ် ။ အဲ့ဒိလို ပညာပေးမယ့် အကြောင်းအရာမျိုးတွေပါ ။ ကျွန်တော် ဒီဇာတ်ကားကို ရိုက်ခွင့်ပေးလိုက်ပါ ပြီ ။ တချို့လူငယ်တွေ ချစ်သူ ရည်းစားပစ်သွားလို့ ဘ၀ အပျက်မခံဘဲ ဘ၀ရဲ့ တစိတ်တပိုင်းလောက်အနေနဲ့ ပဲ သဘောထားပြီး ကြိုးစားစေချင်တဲ့ သဘောပါ ။ အမြဲ တမ်းနိမ့်ကျတဲ့ သူဆိုတာ မရှိပါဘူး ။ နေ့တိုင်းငိုနေတဲ့ သူဆိုတာ မရှိပါဘူး ။ တစ်နေ့ တနေ့ ပြောင်းလဲ နေတယ် ပျော်ပျော်နေပြီး မနက်ဖြန်ကို အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းပါ ။ကျွန်တော် ဒီဇာတ်ကို ရိုက်ဖို့ က အဲ့ ကောင်မလေး မသိသေးပါဘူး ။သိစရာလဲ မလိုဘူးထင်ပါတယ် ။သူ့ အတွက် အမှတ်တမဲ့ ပေမယ့် ကျွန်တော်အတွက် ထိခိုက်နာကျင်ခံစားခဲ့ ရတယ် ။ဒီအပေါ်ကို အညိုးမထားပဲ ကြိုးစားခဲ့ တာပါ ။ အသစ်တစ်ယောက်အနေနဲ့ ကြိုးစားသွားပါ့ မယ် အမှားပါရင်လဲ ခွင့် လွှတ်ပေးကြပါလို့ ပြောသွားခဲ့ ပါတယ် ။

Credit:oasis


12 Jul 2017     1,345 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment