BEC-TERO TV

တစ်လတစ်ကြိမ် လက်ရွေးစင် သီချင်းတွေစုပြီး အခွေပြန်ထုတ်မယ့် ဇော်ဝင်းထွဋ်

12 Jul 2017     1,300 Views


တေးဂီတလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ တေးသံရှင်အဆိုတော် ဇော်ဝင်းထွဋ်က လက်ရှိမှာတော့ မန္တလေးက Rock band တစ်ခုဖြစ်တဲ့ Romantic အဖွဲ့ရဲ့စီးရီးကို ထုတ်လုပ်သူအဖြစ်ထာဝန်ယူထားတယ်လို့သိရပါတယ်။

“ကျွန်တော်ကProducerအနေနဲ့တာဝန်ယူထားတာပေါ့၊တီးခက်မှုကတော့သူတို့ဝိုင်း၊သူတို့သီချင်းတွေပါပဲ။ကျွန်တော်က နည်းနည်းပါးပါးနားထောင်ပေးပြီး အကြံပြုတာလောက်ပါပဲ၊အားလုံးသူတို့စိတ်ကြိုက်ဖန်တီးထားတဲ့ သီချင်းတွေပါ။ အဲ့တာ သူတို့ရဲ့အခွေလေးအရင်ဖြတ်ပြီးအောင် စီစဉ်ထားပါတယ်။” လို့ဇော်ဝင်းထွဋ်က ဆိုပါတယ်။

ဇော်ဝင်းထွဋ်ကသူသီဆိုခဲ့တဲ့ကိုယ်ပိုင်တေးသီချင်းတွေကိုအသစ်ပြန်လည်တီးခက်နေပြီးမကြာမှီမှာဖြန့်ချီသွားဖို့လည်းရှိတယ် လို့ဆိုပါတယ်။“တီးခတ်နေတာအပုဒ်၃၀လောက်တော့ရှိပြီ။ကိုယ်ပိုင်သံစဉ်တွေထဲကပဲပေါ့။ကျန်တာတွေလည်းထပ်တီးခတ်ပြီးအပုဒ်၂၀လောက် လစဉ်ထုတ်သွားဖို့ရှိပါတယ်။မဂ္ဂဇင်းတွေလို တင်ထုတ်ပေါ့” လို့ဇော်ဝင်းထွဋ်က ဆိုပါတယ်။

 


12 Jul 2017     1,300 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS