BEC-TERO TV

စန္ဒီမြင့်လွင်ရဲ့ Koeko fashion ဖိနပ်ကိစ္စပြန်ရှင်းပြီ

13 Jul 2017     1,728 Views


အဆိုတော်စန္ဒီမြင့်လွင်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Koeko fashion ကနေထွက်ရှိလာတဲ့ ဖိနပ်တွေနဲ့ ပက်သတ်ပြီး သတင်းဆိုးတွေ အပေါ် Koeko fashion ကနေပြန်လည်ရှင်းလိုက်ပါပြီ ။

“အားလုံးဘဲမင်္ဂလာပါရှင့် .koeko Fashion မှ မကြာသေးခင်ကတစ်နိုင်ငံလုံးကို handmade ဖိနပ်လေးတွေနဲ့အတူမိုးတွင်းစီးရူးအပါအဝင် ပစ္စည်း ၈ မျိုးထုတ်လုပ်ဖြန့်ဖြူးခဲ့ပါတယ်ရှင့် ပစ္စည်း Quality ကိုကျွန်မတို့အပြည့်အဝအာမခံထားပေးပါတယ်ရှင့်koeko အမှတ်တံဆိပ်ကို, မှတ်ပုံတင်ထားတဲ့အပြင် မူပိုင်ခွင့်ပါထားရှိပါတယ် ၊

ဖိနပ်ဖြန့်ပီး ၂ ရက်အကြာမှာ ဒီနေ့မနက်ကျွန်မတို့ customer complain တစ်ခုရပါတယ် ၊ ဘာဖြစ်လဲဆိုတော့ ဖိနပ်တံဆိပ်ကွာတယ် - Quality မကောင်းဘူး - handmade ပန်းကိုကပ်ထားတဲ့ ကော်ကွာတယ်, အောက်ခံကိုဆိုးမသုံးဘဲအသားမာတာသုံးတယ်ဆိုပီး လာပါတယ်

ဟုတ်ကဲ့ပါ ကျွန်မတို့ ဘက်ကပစ္စည်းကိုသေချာစစ်ဆေးပီး customer လက်ထဲထည့်ပေးပါလျှက်အဲ့ဒီဖိနပ်က အဲ့လို error တတ်ရတဲ့အတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ်- ဒါကြောင့် customer လက်ထဲကပစ္စည်းကိုပြန်သိမ်းပီး ကျသင့်ငွေကိုပြန်အမ်းပီးပါပီ

ရောင်းသူနဲ့ဝယ်သူ ရောင်းသူကရောင်းပီးဝယ်သူကဝယ်ပါတယ်၊
ဝယ်သူကပစ္စည်းမကြိုက်ဘူး- ကျွန်မတို့ပစ္စည်းပြန်သိမ်းပီးဖြေရှင်းပေးပါလျှက်, ကျွန်မတို့ page ရဲ့review မှာမျိုးစုံ(သည်းခံနိုင်တဲ့အတိုင်းအတာထက်အလွန်)

ရေးသားထားတာတွေတွေ့ရပါတယ်ရှင့်ကျွန်မတို့ဘက်ကအခက်အခဲကဘာလဲဆိုရင်ကြော်ငြာအရင်ရိုက်မိပီးစက်ရုံကအချိန်မှီပစ္စည်းထွက်မလာတာပါ၊

ပစ္စည်းဖြန့်မယ့်ရက်ကသတ်မှတ်ပီးပါသော်လည်း အသားတံဆိပ်ကပ်တဲ့ဖိနပ်တချို့တဝတ်သာထွက်လာပီး ကျန်တာတွေက ထွက်မလာခဲ့တဲ့အခါမှာ ကုမ္ပဏီတူတဲ့ အတွက်ကြောင့်သူတို့တံဆိပ်ပေါ်မှာ ကျွန်မတို့တံဆိပ်ကပ်လိုက်တယ် ၊ပထမဆုံး ခြေလှမ်းဖြစ်တဲ့အတွက်ကြောင့်အခက်အခဲ နည်းနည်းဖြစ်သွားပီး အဆင်မပြေမှု့ တွေအတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ်-

Koeko fashion မှ ချစ် customer များအတွက်နောက်နောင်ယခုကဲ့သို့ကိစ္စထပ်မံမဖြစ်ပွားအောင်နဲ့အကောင်းဆုံးဖြစ်အောင်ဆက်လက်ကြိုးစားသွားပါ့မယ် ၊
(ဖိနပ်ဆိုတာQualityကောင်းမကောင်းစီးကြည့်မှသိရမှာပါရှင့်စီးပီးလို့မကောင်းရင်ကြိုက်သလိုပြောလို့ရပါတယ်ရှင့်အပြုသဘောဆောင်တဲ့အကြံပြုချက်များကိုwelcomeပါ)အသားတံဆိပ်တပ်ထားတဲ့ဖိနပ်ပုံလေးရယ်customerဆွဲခွါတာတောင်မပြုတ်တဲ့ပုံလေးပါတွဲတင်ပေးထားပါတယ်”ဆိုပြီး ရေးသားထားပါတယ် ။ 

 

Credit:koeko fashion 


13 Jul 2017     1,728 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment