BEC-TERO TV

နေခြည် ဖန် အယောင်ဆောင်တွေကြောင့် စိတ်ဆိုးသွားတဲ့ မိတ်ကပ် မေဦး

13 Jul 2017     1,330 Views


ချစ်စရာကောင်းပြီး အရမ်းဆွဲဆောင်မှု ရှိတဲ့ Beauty Blogger နေခြည် ကို shooting တခုအတွက် မိတ်ကပ်မေဦးက မိတ်ကပ်ပြင်ပေးထားတဲ့ အပေါ် ခြည်ခြည်ရဲ့ ဖန်တွေက မေဦးကို ဝေဖန်ခဲ့ ကြပါတယ်။ ထိုဝေဖန်မှုတွေကို မေဦး က “အစကတော့မပြောဘူးလို့ဆုံးဖြတ်ထားတာ
အခုတော့တော်တော်လွန်လာလို့ပြောရပြီ 
မနေ့က beauty blogger နေခြည်ကို မေဦး shooting နှစ်ခုစာပြင်ပေးဖြစ်ပါတယ် comment တွေမှာ ဝင်ပြီးပြောနေကြတာတွေကို လျစ်လျူ ရှုထားနိုင်ပေမဲ့ messenger ကနေလာဆဲတာတော့ တော်တော် လွန်တယ်လို့ ခံစားရတယ်

ဝေဖန်နေတဲ့ သူတစ်ချို့တွေ Makeup ပြင်ဆင်မှုပိုင်း အသေးစိတ်ကို သေချာစွာလေ့လာစေချင်တယ် Makeup ပြင်ဆင်ခြင်းဆိုတာ လိုချင်တဲ့ Shoot ပေါ်မူတည်ပြီး အဝတ်အစား fashion နဲ့ လိုက်ဖက်အောင် ပြင်ဆင်ရတာပါ Photo Shoot ဆိုတဲ့နေရာမှာ အမျိုးအစားများစွာကွဲပြားပါသေးတယ် Shoot တိုင်းကို နုနုရွရွ လှလှပပ လေးလိမ်းနေရတာမဟုတ်သလို Sexy ဆန်ဆန် look ကိုလည်း Shoot တိုင်းလိမ်းလို့ မရပါဘူး ... Photo Shoot တစ်ခုက ကို့စိတ်ကြိုက်ပြင်လို့မရတာကိုလည်း မေဦးတို့လို မိတ်ကပ်ပညာရှင်တွေအားလုံးသိကြမှာပါ ....photographer ,stylist ,director ,လုပ်ငန်းရှင် တွေရဲ့ လိုချင်တဲ့ look တွေကိုညှိနှိုင်းပြီးပြင်ပေးရတာပါ .....ဒါကြောင့် ဝေဖန်ပစ်တင် ချင်ကြတဲ့ သူတွေကို သေသေချာချာလေး လေ့လာစေချင်တယ်” ဆိုပြီး သူ့ရဲ့ အကောင့်မှာရေးသားခဲ့ ပါတယ် ။

 ခြည်ခြည်ကတော့ မိတ်ကပ် မေဦးပြင်တာ အရမ်းလှပါတယ် သူမကိုယ်တိုင်တောင် အရမ်းကြိုက်လို့ Profile တောင်ပြောင်းခဲ့ပါသေးတယ် အချင်းချင်းစိတ်ဝမ်းကွဲအောင် လုပ်ချင်တဲ့ fan အယောင်ဆောင်တွေကိုတော့ စိတ်ဆိုးတယ်လို့ ပြောသွာခဲ့ ပါတယ်။ “May Oo ပြင်ပေးထားတဲ့ ဒီ makeup နဲ့ hair look လေးအရမ်းကြိုက်လို့ကို
pp ပြောင်းလိုက်ပြီ။ အချင်းချင်းစိတ်ဝမ်းကွဲအောင် လုပ်ချင်တဲ့ chillie fan ယောင်ဆောင်ထားသူကိုလည်း ရင်ထဲမှာ အမုန်းမီးတွေငြိမ်းအောင်သာ မေတ္တာပို့ပေးလိုက်ပါတယ်။”ဆိုပြီး ရေးခဲ့ ပါတယ် ။ 


13 Jul 2017     1,330 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment