BEC-TERO TV

၅နှစ်အရွယ်ကောင်မလေးနဲ့၆နှစ်အရွယ်ကောင်လေးတို့ ရဲ့နာကျင်ကြည်နူးဖွယ်လက်ထက်မင်္ဂလာပွဲ

13 Jul 2017     1,288 Views


ကင်ဆာဖြစ်နေတဲ့ အသက် ၅နှစ်အရွယ် ကောင်မလေးက အသက်၆နှစ်အရွယ်ကောင်လေးနဲ့လက်ထက်လိုက်တဲ့ သတင်းကို တင်ပြပေးလိုက်ပါတယ်။မိန်းကလေးတွေမှာအိမ်မက်တစ်ခုရှိပါတယ်။ဖြစ်နိုင်၊မဖြစ်နိုင်ဘူးဆိုတာကတော့ နောက်မှသိမှာပေါ့နော်။အိမ်မက်ကတော့အမျိုးသမီးတွေအနေနဲ့သူတို့ချစ်ခင်နှစ်သက်ခင်မင်ရတဲ့အခင်ဆုံးသူငယ်ချင်းနဲ့လက်ထက်ချင်တဲ့အိမ်မက်တစ်ခုပါ။ဒါဟာစိတ်ကူးလေးဆိုပေမယ့်…မဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးပေါ့လေ….။

Eileidh Patersonဆိုတဲ့ ကလေးမလေးကလည်း သူ့စိတ်ကူးအိမ်မက်ကတော့အချစ်ဆုံး၊အခင်ဆုံးသူငယ်ချင်းကောင်းနဲ့ လက်ထက်ချင်တဲ့စိတ်ကူးလေးပါပဲ။ကံဆိုးတာကတော့အသက်၂နှစ်မှာပဲကင်ဆာဖြစ်နေတယ်ဆိုတာသိခဲ့ရပြီး၊အသက်၃နှစ်မှာတော့ သူ့မျှော်လင့်ချက်တွေ တစစီကျိုးပဲ့ကုန်ပါတယ်။အဲ့တာကတော့ ဒေါက်တာက Eileidh Patersonဆိုတဲ့ကလေးမလေးက အသက်ရှင်သန်ဖို့အခွင့်အရေးနည်းပါလာပြီလို့စိတ်မကောင်းစွာပြောခဲ့ရတဲ့အထိရောဂါအခြေအနေကပိုဆိုးလာပါတယ်။ဒါကြောင့် EileidhPatersonတစ်ယော်ဖြစ်ချင်တဲ့စိတ်ကူးအိမ်မက်လေးကိုအသက်၅နှစ်မှာပဲအမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါတယ်။ဒါကတော့ သူ့အချစ်ဆုံး၊အခင်ဆုံးသူငယ်ချင်းဖြစ်သူအသက် ၆နှစ်အရွယ် Harrison Grier အမည်ရှိ ကောင်လေးနဲ့ လက်ထက်ထိမ်းမြားခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ best friends forever ဆိုတာလေးကို အသက်သွင်းတဲ့ပွဲမှာ စူပါသူရဲကောင်းတွေတောင်တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ကင်ဆာရောဂါခံစားနေရတဲ့ Eileidh Patersonဆိုတဲ့ကလေးမလေး နှစ်သက်ရာပန်းရောင်ဝတ်စုံလေးဝတ်ဆင်ထားပြီး အခမ်းအနားကိုတက်ရောက်ကျင်းပခဲ့သလို၊အပြန်ခရီးလမ်းကိုတော့ပန်းရောင်မြင်းရထားကြီးနဲ့အတူပြန်ခဲ့ပါတယ်။ကြည်နှုးမှုတစ်ဝက်၊နာကျင်မှုတစ်ဝက်နဲ့ Eileidh Paterson အတွက် ဆုတောင်ပေးကြရအောင်

 


13 Jul 2017     1,288 Views




RELATED

Most Popular of Special or Others

Most Popular of NEWS