BEC-TERO TV

မပျင်းဘဲ ကိုယ့်အားကိုယ်ကိုးတတ်တဲ့လက်တွဲဖော်မျိုးကိုဘဲရွေးချယ်မယ့် ချာချာ

13 Jul 2017     1,370 Views


သရုပ်ဆောင်ပိုင်းမှတစ်ဆင့်ဂီတပိုင်းကိုရောက်ရှိလာပြီး ဂီတပိုင်းအနေနဲ့ အဆိုပိုင်းကိုသာတစိုက်မတ်မတ်လုပ်ဆောင်ဖြစ်နေသလို Myanmar Girls အဖွဲဝင်တစ်ဦးဖြစ်တဲ့တေးသံရှင်ချာချာက လက်ရှိအချစ်ရေးထက်အနုပညာပိုင်းနဲ့စီးပွားရေးပိုင်းကိုသာ အာရုံစိုက်ထားပြီးအချစ်ရေးကိုမစဉ်းစားသေးကြောင်းအချစ်ရေးစဉ်းစားပါကလည်းလက်တွဲဖော်ကို ကိုယ့်အားကိုကိုးတတ်တဲ့ သူမျိုး စဉ်စားထားကြောင်းပြောပါတယ်။

'' အချစ်နဲ့ပတ်သတ်ပြီးချာ အရွယ်ကလည်းရင်ခုန်ရမဲ့အရွယ်တော့မဟုတ်တော့ပါဘူး။အခုချိန်ထိလက်တွဲသွားမယ့်သူမျိုးတော့ချာအခုထိမတွေ့သေးပါဘူး။ အရင်တုန်းကတော့ရှိခဲ့ဘူးတယ် အချိန်မပေးနိုင်တဲ့အခါကြတော့ အဆင်မပြေဘူး။ အခုချိန်မှာချာရဲ့စီးပွားရေးနဲ့အနုပညာအပိုင်းကိုဘဲပိုအာရုံထားတယ်။

ချာလက်တွဲဖော်ရွေးမယ်ဆိုရင်လည်း ချမ်းသာဖို့အဓိကမဟုတ်ဘူး။ ချာရည်ရွယ်ထားတာတစ်ခုရှိတယ်။ နံပတ်(1) ယောက်ကျားလေးတစ်ယောက်ကလုပ်ချင်စိတ်ရှိရမယ် ။ မပျင်းရဘူး ။မိဘတွေချမ်းသာပေမဲ့လည်းချာနဲ့တွေ့ရင် ပိုက်ဆံရှိဖို့လည်းမလိုဘူး ။အဓိကလူဆိုတာလုပ်ချင်တဲ့ရှိဖို့ဘဲလိုတာ။လုပ်ချင်တဲ့စိတ်ရှိရင်စီးပွားရှာတတ်တယ် ။ကိုယ့်အားကိုကိုးပြီးလုပ်နိုင်တဲ့ယောက်ကျားမျိုး ။ နံပတ်(2) စမတ်ဖြစ်နေဖိုလိုတယ် ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောရှိဖို့လိုတယ် ။ချာအတွက်ကအဲ့နှစ်ချက်ရှိဖို့ဘဲလိုတယ် '' လို့ပြောထားပါတယ်။

Credit:Posh

 


13 Jul 2017     1,370 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment