BEC-TERO TV

ပလက်စတစ်ဆာဂျူရီ ကြောင့် ခါးအသေးဆုံးနဲ့ တင်ထွားရင်ကြွ လှပနေတဲ့ Pixie Fox

13 Jul 2017     1,377 Views


စိုင်းစိုင်းကပြောတယ်။၃၄-၂၄-၃၆ တဲ့ ။တကယ်လို့ ၃၈-၁၈-၃၉ ဆိုရင်ရော ကြည့်ကောင်းပါ့မလား..?အဲ့တာကတော့ အမှတ်တမဲ့သတိရမိလို့ပါ။ဒီနေ့ခေတ်မှာအပေါဆုံးနည်းပညာကပလက်စတစ်ဆာဂျူရီနည်းပညာပဲ။ဘယ်အစိတ်အပိုင်းမကြိုက်လဲဒီနည်းပညာကိုသုံး၊ပုရိသတွေကြွေဆင်းသွားလောက်အောင်မှုံနေတဲ့အချောအလှစကီလေးတစ်ပွေဖြစ်မယ်ဆိုတာ သေချာပါတယ်။

ဒီတစ်ခေါက်မှာတော့ခါး၁၄လက်မသာရှိတဲ့အမျိုးသမီးတစ်ယောက်အကြောင်းတင်ပြလိုက်ပါတယ်။လူငယ်တွေပြောသလိုအကိတ်အလန်းကြီး တစ်ယောက်ပေါ့။အမည်ကတော့ Pixie Fox ဆိုတဲ့ အသက် ၂၆နှစ်အရွယ်အမျိုးသမီးက ကိုယ်ခန္ဓာအလှအပအတွက် ၁၇ကြိမ်တိတိ အော်ပရေရှင်းပြုလုပ်ခဲ့ပြီး နံရိုး ၆ချောင်းဖယ်ကာ ခါးလက်မအသေးဆုံးဖြစ်အောင်လျော့ချနိုင်ခဲသလို တင်၊ရင်လှပထွားကြိုင်းအောင် အဆင့်ဆင့် ပြင်ဆင်ပြုပြင်ကုသခဲ့ပါတယ်။

တင်ရောရင်ရော ကြီးထွားဖွံ့ဖြိုးရန် လိုအပ်တဲ့ဆေးဝါ နဲ့လေ့ကျင့်ခန်းတွေဆောင်ရွက်ခဲ့ပါသေးတယ်။ ပထမ အချိုး အဆစ်ကတော့ ၃၀- ၂၄- ၃၄ ပါ။ပြင်ဆင်ပြီးနောက်ပိုင်း၃၈-၁၈-၃၉ ဖြစ်လာပါတယ်။အားလုံးထက်သာတဲ့ j Cup အနွယ်ဝင်မိန်းကလေးဖြစ်လာပါပြီ။အခုလိုဖြစ်လာတဲ့ အလှအပ ကိုစိတ်ကျေနပ်မှုရှိသလို ၀င့်ကြွားစေပါတယ်တဲ့ ။ဒါက သူမအလုပ်ပါပဲလို့ Pixie Fox ကဆိုပါတယ်။

ပရိသတ်ကြီးရေ..၀န်ရံပေးလိုက်ပါအုံး…..


13 Jul 2017     1,377 Views




RELATED

Most Popular of Special or Others

Most Popular of NEWS