ရည်းစားကိုခုတ်ဖြတ်သတ်ပြီး ၁၂ နှစ်ကြာ အိမ်အတွင်းဖွက်ထားတဲ့ အမျိုးသမီးဖမ်းဆီးခံရ
13 Jul 2017 1,378 Views

ဂျာမဏီနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သည့် ၁၂ နှစ်က ရည်းစားဖြစ်သူကို အပိုင်းပိုင်း ခုတ်ဖြတ်သတ်ခဲ့ပြီးနောက် အိမ်အတွင်းဖွက်ထားခဲ့သည့် အလောင်းကို ရဲများကရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။
သေဆုံးသူ Alex နှင့် သတ်ဖြတ်ခဲ့သူ Gabriel တို့မှာ ၉ နှစ်ကြာအတူနေထိုင်ခဲ့ကြသူများဖြစ်ပြီး ဗရုတ်သုတ်ခ ပါတီပွဲများကို ခြံထဲ၌မကြာခဏ လုပ်လေ့ရှိသူများအဖြစ် အိမ်နီးချင်းများက သတ်မှတ်ထားသည်။
Gabriel က အခြားရည်းစားသစ် တစ်ဦးနှင့် ချစ်တင်းနှောနေစဉ် Alex ၏ မျက်နှာကို တိတ်များကပ်စည်းထားခံခဲ့သည်။ အဲဒီနောက် သူ့ကိုကြိုးများနဲ့ ချည်နှောင်ခဲ့ပြီး Gabriel က လွှဖြင့် ဖြတ်ကာ သတ်ခဲ့သည်။ ထို့နောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ကာ အိမ်ခြံဝန်းအတွင်းမြေမြူတ်ခဲ့သည်။
Alex ၏ မိခင်ဖြစ်သူကို Alex အခြားကောင်မလေးတစ်ဦးနဲ့ ရိုမေးနီးယားကို ထွက်ပြေးသွားကြောင်း နှစ်သိမ့်ပြောဆိုခဲ့သည်။ ၁၂ နှစ်ကြာ ထိန်ချန်ခဲ့သော လူသတ်မှုကြီးကို ၂၀၁၆ ခုနှစ်မှ အဖြစ်မှန်ပေါ်ပေါက်ကာ ဖမ်းဆီးခံခဲ့ရသည်။
Gabriel နဲ့အတူ သူမ၏ရည်းစား Christian ကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။ ၁၂ နှစ်ကြာ ဖုံးကွယ်ထားသော ပြစ်မှုကြီးကို တစ်ရက် Christian အရက်အမူးလွန်ပြီး အပေါင်းအသင်းများကို စကားကျွံခဲ့ရာမှ ရဲကိုသတင်းပေးခံခဲ့ရသည်။ ရဲက သွားရောက် စစ်ဆေးခဲ့ရာ Alex ၏ အလောင်းကို ခြံထဲတွင် တူးဖော်တွေ့ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုအတွက် Gabriel အသက် ၃၂ နှစ်မှာ တစ်သက်တစ်ကျွန်း ကျခံဖွယ်ရာရှိသည်။