BEC-TERO TV

ခြေအိတ်တွေ ခိုင်ခန့်ကြောင်း ကလေးထည့်ပြီး ဆွဲစောင့်ပြတဲ့ ဈေးသည်နာမည်ကြီးနေ

14 Jul 2017     1,239 Views


ဈေးရောင်းတဲ့သူဆိုတာ ကိုယ်ရောင်းတဲ့ပစ္စည်းတွေဟာ ဘယ်လောက်ထိ စစ်မှန်ကြောင်းကို ပါးစပ်ကကြေညာပြီးရောင်းတတ်ကြတာ သဘာဝဖြစ်ပါတယ်။ တွေ့ခဲ့ဖူးတဲ့ ဈေးထဲမှာ ဖရဲသီးစိတ် ရောင်းတဲ့ ဈေးသည်တစ်ယောက်က သူများတွေလို ဖရဲသီးစိတ်ချိုချိုလေးလို့ ရိုးရိုးကြီး အော်မရောင်းပါဘူး၊ “လာနော် လင်စားရင် မယားပါချိုတဲ့ ဖရဲသီးစိပ်ချိုချိုလေး” လို့ အော်ရောင်းတော့ လူစိတ်ဝင်စားပြီး အားပေးသူတွေ အုံနေဖူးပါတယ်။

ဈေးသည်ဆိုတာ လူစိတ်ဝင်စားအောင် လုပ်နိုင်မှရောင်းအားတက်တာ မားကတ်တင်းရဲ့ သဘောပါပဲ။ တရုပ်နိုင်ငံက အမျိုးသမီးအသုံးဆောင်ပစ္စည်းတွေရောင်းတဲ့ လူတစ်ယောက်ကတော့ သူရောင်းတဲ့ အမျိုးသမီးဝတ် အသားကပ်ခြေအိတ်ရှည်တွေဟာ ဘယ်လောက်တောင် ခိုင်ခံ့သလဲဆိုတာ သက်သေပြဖို့ သူ့ရဲ့ ၇ နှစ်ခန့်အရွယ် သားဖြစ်သူကို ခြေအိတ်ထဲထည့်ကာ အကြိမ်ကြိမ် ဆွဲဆောင့်ပြခဲ့ပါတယ်။

သူ့ရဲ့သမီးငယ်က ဖုန်းနဲ့ ဗီဒီယိုကူရိုက်ပေးရင်း သားအဖ သုံးယောက်ဈေးရောင်းနေတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ နာမည်ကြီးသွားခဲ့ပါတယ်။ အချို့ကလည်း ကလေးကို ဒီလိုလုပ်ရလား ဆိုပြီး ဒေါသထွက်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် စီးပွားရေးအတွက်ဆိုတော့ ကြိုးစားရတာပေါ့လေ။ သင်ရော ဒီဗီဒီယိုအပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။

 


 


14 Jul 2017     1,239 Views




RELATED

Most Popular of Special or Others

Most Popular of NEWS