BEC-TERO TV

လေထီးဖွင့်မှာမဟုတ်ဘူးလို့ ဇနီးသည်ကို နှုတ်ဆက်ပြီး ခုန်ချခဲ့သူ

17 Jul 2017     1,410 Views


ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်နိုင်ငံ ဖလော်ရိဒါပြည်နယ် ဒီလန်းမြို့ရှိ လေထီးခုန်စခန်းတွင် လေထီးခုန်သူတစ်ဦးသော အသက် ၂၇ နှစ်အရွယ် ကာပိုတော်တို ဗီတန်းတိုနီယို ဆိုသူက သူ၏ဇနီးသည်ကို ဗီဒီယိုမက်ဆေ့ပေးပို့ကာ လေထီးမဖွင့်ပဲ ခုန်ချမည်ဖြစ်ကြောင်း ကြိုတင်နှုတ်ဆက်ကာ လေယာဉ်ပေါ်မှ ခုန်ချ သတ်သေခဲ့သည်။

ဒီတစ်ခေါက် လေထီးခုန်ရင် လေထီးဖွင့်တဲ့ကြိုးကို ဆွဲမှာမဟုတ်တော့ဘူး၊ ချမ်းမြေ့သာယာတဲ့ နေရာတစ်ခုကို သွားတော့မယ်
ဇနီးသည်ဖြစ်သူ ကောစ့်တန်ဇာ ဇစ်တဲလီနီ အသက် ၂၅ နှစ်သည် အဆိုပါ ဗီဒီယိုမက်ဆေ့ကို ကြည့်ပြီးနောက် ချက်ချင်းဆိုသလို လေထီးစခန်းကို ဖုန်းဆက်ကာ သူမ၏ခင်ပွန်းကို လေယာဉ်ပေါ်ပေးမတက်ရန် အကြောင်းကြားခဲ့သည်။ သို့သော် ထိုအချိန်တွင် လေယာဉ်မှာ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။


သူမက အကျိုးအကြောင်းကို ရှင်းပြကာ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ အမှုထမ်းတစ်ဦးဦးအား ဆက်သွယ်ပြီး သူမခင်ပွန်းအား လေထီးမခုန်မီတားဆီးပေးရန် ပြောကြားသဖြင့် လေယာဉ်ပေါ်ရှိသူ အမှုထမ်းအား တားထားပေးပါရန် အကြောင်းကြားခဲ့သော်လည်း စက္ကန့်ပိုင်းလေး နောက်ကျခဲ့ရသည်။ လေယာဉ်ပေါ်ပါသူက မက်စေ့လက်ခံမရမီ စက္ကန့်ပိုင်းလေးမှာ တိုနီယိုက အမြင့်ပေ ၁၃,၅၀၀ မှ ခုန်ချသွားခဲ့ပြီဖြစ်သည်။

များမကြာမီ တိုနီယို၏ အလောင်းကို လယ်ကွင်းပြင်တနေရာတွင် တွေ့ရှိခဲ့ပြီး သေဆုံးသွားပြီဖြစ်ကြောင်း ဇနီးသည်ကို အကြောင်းကြားခဲ့သည်။ တိုနီယိုသည် စစ်မှုထမ်းဖူးသူလည်းဖြစ်ကာ လေထီးခုန်အတွေ့အကြုံရှိသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ မည်သည့်အကြောင်းရင်းကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့သည်ကို မသိရှိခဲ့ကြချေ။
 


17 Jul 2017     1,410 Views




RELATED

Most Popular of Special or Others

Most Popular of NEWS