ကိုယ်ဝန်ကြီးနဲ့ ရေချိုးခန်းထဲချော်လဲရာမှ ကလေးရောမိခင်ပါ သေဆုံး
18 Jul 2017 1,748 Views

ယနေ့နံနက် လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ သတင်းတစ်ပုဒ်ကတော့ ကိုယ်ဝန်အရင့်အမာကြီးနှင့် ရေချိုးခန်းဝင်ရာတွင် ချော်လဲပြီး မိခင်ရော ကလေးပါ တိမ်းပါးသွားတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

လူမှုကွန်ယက်သတင်းအရ မိခင်ဖြစ်သူမှာ မနွယ်နီဆိုသူဖြစ်ကြောင်း သိရှိရသည်။
အိမ်တစ်အိမ်တွင် ရေချိုးခန်းသည် မသိမသာဖြင့် အန္တရာယ်အရှိဆုံးနေရာတစ်ခုဖြစ်သည်။ ကြွေပြားကျောက်ပြားများခင်းထားပြီး ဆပ်ပြာရည် သော်လည်းကောင်း ရေညှိတက်နေလျှင်သော်လည်းကောင်း အင်မတန်အန္တရာယ်များပြီး ခြေကျိုး လက်ကျိုးမှအစ ယခုကဲ့သို့ အသက်ပါ နှုတ်ယူသွားနိုင်သော အိမ်တစ်အိမ်၏ အသက်အန္တရာယ်အရှိဆုံးနေရာ ဖြစ်ပါသဖြင့် ယခုကဲ့သို့ အဖြစ်ဆိုးမျိုး မကြုံတွေ့ကြစေရန် ပြန်လည်မျှဝေလိုက်ရပ်သည်။


လူမှုကွန်ယက်သတင်းများ ထုံစံအရ အတည်မပြုနိုင်သေးပဲ အခြားတစ်ဦီးကလည်း နှလုံးရောဂါအခံရှိသူမိခင်မှ ကိုယ်ဝန်ဆာင်၍ ကလေးမွေးဖွားစဉ် ကလေးရော မိခင်ပါ တိမ်းပါးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားတာကို တွေ့ရပါတယ်။
အားလုံးပဲ သတိပြုဆင်ခြင်နိုင်ကြပါစေ။
သတင်းရင်းမြစ်- Sai Shay Hom fa








