BEC-TERO TV

တစ်ကိုယ်တော်အခွေထွက်ရှိတော့မည့် “သအို”

18 Jul 2017     1,306 Views


“သင်ခန်းစာ” ဆိုတဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်နှင့် ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော် “သအို”က ဒီနှစ်ထဲမှာ နောက်ထပ် တစ်ကိုယ်တော်စီးရီး ထွက်ရှိဖို့ ပြင်ဆင်နေကြောင်း ပြောပြထားပါတယ်။

အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ဟစ်ကြေီးတတ်တဲ့ သအိုဟာ အတွဲခွေတွေမှာလည်း လိုက်ဖက်ညီညီ သီဆိုနိုင်ပြီး ပရိသတ်တွေနှစ်ခြိုက်နေသူလည်းဖြစ်ပါတယ်။ မောင်မောင်ဇော်လတ်၊ ဟန်ထွန်း၊ ဂျီလတ်တို့နဲ့ တွဲဖက်သီဆိုထားတဲ့ “အိမ်ပြန်ချိန်” “ဘာဖြစ်ဖြစ်ကွယ်” စတဲ့ သီချင်းတွေနဲ့ ပရိသတ်ခိုင်မာနေသူဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလထဲမှာ ဂျီလတ်၊ ဝေလ၊ ဟန်ထွန်းတို့နဲ့အတူ အတွဲခွေ တစ်ခွေထွက်ရှိလာဦးမှာဖြစ်ပြီး အခွေနာမည်ကို “မူလေးဖြာ” လို့ လတ်တလောမှာ နာမည်ပေးထားကြောင်း သိရှိရပါတယ်။ သီချင်း ၉ ပုဒ်လောက် ပါဝင်ဖို့ မှန်းထားတဲ့ အဆိုပါ အခွေမှာ သူ့အနေနဲ့ Rock, Reggage ပုံစံတွေ ပါဝင်သီဆီုထားပါတယ်။

တစ်ကိုယ်တော်အခွေအတွက် ကြိုးစားနေတာ သုံးလေးနှစ်ခန့်ရှိပြီဖြစ်ပြီး အတီးပိုင်းတွေ အားလုံးပြီးစီနေပြီဖြစ်ပါတယ်။ အဆိုပိုင်းတွေ ကျန်နေသေးတဲ့ တစ်ကိုယ်တော်အခွေမှာတော့ Rock, Slow Rock တွေအပြင် သီချင်းအမြန်လေးတွေကိုလည်း နားဆင်ရမယ်လို့ ဆိုပါတယ်။ တစ်ကိုယ်တော်အခွေမှာတော့ သူရေးထားတဲ့သီချင်းတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

ကိုးကား-theflowernwes
 


18 Jul 2017     1,306 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS