ကားဈေးတွေမာနေပေမဲ့လည်းသို့သော် အရောင်းအဝယ်ပုံမှန်ရှိလာတဲ့ ကားဈေးကွက်
20 Jul 2017 1,582 Views

ကားဈေးတွေမာနေပေမဲ့အရောင်းအဝယ်ပုံမှန်လေးရှိလာတယ်လို့ သိရပါတယ်။ ကားဈေးတွေမာနေတဲ့အတွက် အရောင်းအဝယ်သိပ်အကောင်းကြီး မဟုတ်ပေမဲ့ ပုံမှန်လေးတော့အရောင်းအဝယ်ရှိတယ်၊ စလစ်ကပ်ဖိုးဝှီးထဲ က ရွှေငါး၊ ကရောင်း၊ ကလူဂါ ၊ ပရာဒိုပုံပြောင်း၊ ဆာ့ဖ်ပုံပြောင်း နဲ့ လန်ခရူဆာနံပါတ်နိမ့်လေးတွေရောင်းရသလို ပွိုင့်သရီးစတိနံပါတ်ကား လေးတွေဖြစ်တဲ့ ဖစ် shuttle ၊ဂျီကေသရီး နဲ့ အက်စီယိုလို ကားမျိုးတွေရောင်းနေရတယ်လို့ ကားတင်သွင်းရောင်းချသူ ကိုကျော်မင်းထွန်းက ပြောပါတယ်။
၂၀၁၇ မှာတင်သွင်းရတဲ့ စလစ်ကပ်ကားတွေက ဖရီးပါမစ်ကားတွေကိုဝင်ငွေပေးဆောင်ရသလို မော်ဒယ်မြင့်သွားတဲ့အတွက် ကားရဲ့မူလဈေးနှုန်း တွေလည်းမြင့်သွားပါတယ်။ စလစ်ဈေးကလည်း မြင့်တက်နေတာဖြစ်လို့ ၂၀၁၇ နှစ်ဦးပိုင်းမှာ စလစ်ကပ်ကားတင်သွင်းတဲ့သူမရှိသလောက် ဖြစ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့လာမယ့်နှစ်ကစပြီး ဘယ်မောင်းတွေသာတင်သွင်းခွင့်ပြုမယ်လို့ သတင်းထွက်ရှိတဲ့အတွက် စလစ်ကပ် ကားတွေပြန်လည် တင်သွင်းတာမျိုးတွေရှိလာပါတယ်။မိုးတွင်းကာလဖြစ်တဲ့အတွက် နယ်ဝယ်လက်တွေက ဖိုးဝှီးကားတွေဝယ်တာများပါတယ်။
Credit : kumudranews
Author – အောင်ထွန်းဦး








