FDA ထောက်ခံချက်မရှိဘဲ ထုတ်လုပ်ရောင်းချသည့် သောက်ရေသန့် လေးမျိုးကို ပိတ်သိမ်း
20 Jul 2017 1,425 Views

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် သောက်ရေသန့် လုပ်ငန်းလေးခုကို ဇူလိုင်လ ၁၈ ရက်နေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် FDA ထောက်ခံချက်မရရှိဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လုပ်ငန်းများ ရပ်နားထားရန် ပိတ်ပင်အရေးယူခဲ့ကြောင်း မိတ္ထီလာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ကျော်သန်းရွှေက ပြောကြားသည်။
ယင်းနေ့က တိုင်းနှင့် ခရိုင်အဆင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနနှင့် ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးရာတွင် ယင်းသို့ တွေ့ရှိရခြင်းဖြစ်သည်။အဆိုပါ သောက်ရေသန့် အမှတ် တံဆိပ်လေးမျိုးသည် ကောင်း သောက်ရေသန့်၊ ပိုကီမွန် သောက်ရေသန့်၊ ရွှေသောက် ရေသန့်နှင့် ရွှေနန္ဒာ သောက်ရေသန့်တို့ဖြစ်ကြောင်း၊ ယင်းတို့အနက် ရွှေနန္ဒာအမှတ် တံဆိပ်တစ်မျိုးသာလျှင် FDA ထောက်ခံချက်ရရှိရန် လျောက်လွှာ တင်ထားဆဲဖြစ် ပြီး ကျန်သုံးမျိုးမှာ FDA ထောက်ခံချက် ရရှိရန် လုံးဝ တင်ထားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
(ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်) နဲ့လည်း ကိုက်ညီမှုမရှိဘူး။ စက်မှုကြီးကြပ်လိုင်စင်၊ စည်ပင်လိုင်စင်လည်း မရှိဘူး။ FDA ထောက်ခံချက်ပါမှ လိုင်စင်တွေက လုပ်လို့ရပါတယ်။ ဒါပေမဲ့ FDA ထောက်ခံချက်လည်း မရှိသေးဘူး။ ဒါကြောင့် စက်ရုံတွေ ပိတ်ခိုင်းထားခဲ့တယ်။ တကယ်လို့ ဆက်လက် ရောင်းချရင် အမျိုးသား အစားအသောက် ဥပဒေနဲ့ အရေးယူဖို့ ရှိပါတယ်”ဟု ဒေါက်တာကျော်သန်းရွှေက ဆိုသည်။မိတ္ထီလာမြို့တွင် FDA ထောက်ခံချက်ဖြင့် လက်ရှိ ထုတ်လုပ် ရောင်းချနေသော သောက်ရေသန့် အမျိုးအစား ၁၀ မျိုးခန့်ရှိကြောင်း မိတ္ထီလာခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။
Credit : thevoicemyanmar