BEC-TERO TV

‘ဂွီစေး ဂွီစေး’ နဲ့ ဆင်ဆာညိနေတဲ့ “လူရိုင်းကျွန်း” ရုပ်ရှင်ဇာတ်ကား

20 Jul 2017     2,187 Views


သရုပ်ဆောင် မြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ယုသန္တာတင်၊ ရွှေသမီး၊ တက္ကသိုလ်ဂွမ်းပုံ တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “လူရိုင်းကျွန်း” ရုပ်ရှင်ဇာတ်ကား ဆင်ဆာ ကိုးချက်ညိနေသောကြောင့် ဆင်ဆာအဖွဲ့နဲ့ ညှိနှိုင်းမှုများ ပြုလုပ်နေရကြောင်းသိရှိရသည်။

သူတို့ ကိုးချက်ဖြတ်တယ်။ ကျွန်တော် ရှစ်ချက်ကို ဖြတ်ပေးတယ်။ ဒါပေမဲ့ တစ်ချက်ကိုတော့ မဖြတ်ပေးနိုင်ပါဘူးလို့ ပြောတယ်။ ကျွန်တော် စာပြန်တင်တယ်။ ဖြတ်ခိုင်းတယ်။ ဒါပေမဲ့ စာပြန် ထပ်တင်ထားတယ်။ ဒါပေမဲ့ ထပ်ခွင့်မပြုဘူး။ ကျွန်တော်မရမချင်း ကို တင်နေဦးမှာပါ”ဟု ဒါရိုက်တာပြည်ဟိန်းသီဟက ဆိုသည်။
ယင်းဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်းတွင် ကောင်းကင်က ဟန်းဖုန်းတစ်လုံး ပြုတ်ကျလာ သည်ကို လူရိုင်းစကား ‘ဂွီစေး ဂွီစေး’ဟု ပြောခြင်းကို ဆင်ဆာက ပြောင်းပြန်ဘာသာပြန်၍ ဖြတ် ခိုင်းနေကြောင်း ပြောပြသည်။

 


အဆိုပါ စကားလုံးသည် ရုပ်ရှင်တစ်ကားလုံးစာ၏ အဓိက စကားလုံးဖြစ်နေသောကြောင့် ခွင့်မပြုမချင်း စာတင်နေမည်ဖြစ်ပြီး လက်ရှိတွင် အသနားခံစာနှစ် ကြိမ်တင်ထားသော်လည်း ဆင် ဆာအဖွဲ့က ခွင့်မပြုသေးကြောင်း သိရှိရသည်။

“လူရိုင်းကျွန်း” ဇာတ်ကားကို Dragon ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာပြညဟိန်းသီဟက ရိုက်ကူးပေးခဲ့ပြီး ဇာတ်ကား၏ အရေးကြီးဆုံး စကားလုံးမှာ ဆင်ဆာညိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ်−7DayDaily


20 Jul 2017     2,187 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS