လင်ကင်ပါ့ခ် အဖွဲ့မှ ဦးဆောင်အဆိုတော် ချက်စတာ ဘန်နင်တွန် ကွယ်လွန်
21 Jul 2017 1,722 Views

ကမ္ဘာကျော်တေးဂီတအဖွဲ့ လင်ကင်ပါ့ခ်(Linkin Park) မှ ဦးဆောင် ပင်တိုင် အဆိုတော် အသက် ၄၁ နှစ်အရွယ် ဘန်နင်တွန်(Bennington) တစ်ယောက် လောစ့်အိန်းဂျဲလိစ်ရှိ သူ၏နေအိမ်တွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ကာ သေဆုံးခဲ့ကြောင်း ရဲများကသတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကမ္ဘာကျော်အဆိုတော် ဘန်နင်တွန်ကို ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည်ကို Palos Verdes Estate ရှိသူ၏ သီးသန့်နေအိမ်တွင် တွေ့ရှိခဲ့ရသည်။


ချက်စတာ သေဆုံးခဲ့ချိန်တွင် သူ၏ဒုတိယဇနီး တာလင်ဒါနှင့် ခလေး ၆ ယောက် ကျန်ရစ်ခဲ့သည်။ ချက်တာ သေဆုံးကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် လင်ကင်ပတ်ခ်၏ ရက်ပါတစ်ဦးဖြစ်သူ Mike Shinoda က ဒီသတင်းဟာ ကြေကွဲစရာကောင်းပေမယ့် သတင်းအမှန်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။







