ကမ္ဘာ့ပထမဦးဆုံး ကိုယ်ပွားခွေးလေး တရုပ်သိပ္ပံပညာရှင်များ ဖန်တီးအောင်မြင်
21 Jul 2017 1,514 Views

မျိုးရိုးဗီဇကို ပုံတူပွားယူပြီး ဖန်တီးခဲ့သော ကိုယ်ပွားခွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း တရုပ်ဆေးသိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့သည်။
တရုပ်နိုင်ငံ ဘေဂျင်းအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီဖြစ်သော Sinogene က ကမ္ဘာ့ပထမဦးဆုံး ပုံတာမျိုးပွားခွေးကလေးကို ဖန်တီးနိုင်ခဲ့ကြောင်း ကြေညာခဲ့ကြသည်။
နှစ်လသားအရွယ်သာ ရှိသေးသည့် အဆိုပါခွေးကလေးကို လောင်းလောင်း(Long Long) ဟု အမည်ပေးထားသည်။ လောင်လောင်ကို ဓါတ်ခွဲခန်းက စမ်းသပ်မှုများ ပြုလုပ်ရန် မွေးမြူထားသော Apple ဆိုသည့် ခွေးထီးလေးဆီက မျိုးရိုးဗီဇ ပွားယူကာ ဖန်တီးမွေးဖွားခဲ့ခြင်းဖြစ်သည်။
သိပ္ပံပညာရှင်များက ပုံတူပွားခြင်း နောက်ဆုံးနည်းပညာဖြစ်သည့် CRISPR/Cas9 ကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ Long Long ကို မေလ ၂၈ ရက်နေ့က ဓါတ်ခွဲခန်းထဲမှာပင် မွေးဖွားခဲ့ပြီး Apple ၏မျိုးရိုးဗီဇဖြင့်ပင် နောက်ထပ် ခွေးနှစ်ကောင် ထပ်မံမွေးဖွားထားခဲ့ပြီဖြစ်သည်။
Long Long ကို ဖန်တီးနိုင်ခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ တရုပ်နိုင်ငံက တောင်ကိုရီးယားပြီးရင် ပုံတူမျိုးပွားခြင်းနည်းပညာမှာ ဒုတိယလိုက်နေတဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့ကြောင်း ဇီဝဆိုင်ရာ ဆေးသိပ္ပံပညာရှင် Lai Liangxue က ပြောကြားခဲ့ပါတယ်။