BEC-TERO TV

(၇၅)နှစ်ကြာပျောက်ဆုံးနေသူနှစ်ဦး၏အလောင်းများကို ဆွစ်ဇာလန် ရေခဲမြစ်အတွင်း ပြန်တွေ့

21 Jul 2017     1,330 Views


လွန်ခဲ့တဲ့(၇၅)နှစ်ကတည်းကပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံ ၂ ဦးရဲ့အေးခဲနေတဲ့ အလောင်းတွေ ကို ဆွစ်ဇာလန်နိုင်ငံအတွင်းက ကျုံ့လာနေတဲ့ရေခဲမြစ်တစ်ခုအတွင်းမှာ တွေ့ရှိထားတယ်လို့ သိရပါတယ်။မာဆီလင်နဲ့ဖရန်ဆင်းဒူမိုလင်တို့ဟာ အဲ့လ်ပ်စ(Alps)တောင်တန်းမှာရှိတဲ့ သူတို့ရဲ့ နွားတွေကို အစာကြွေးဖို့သွားရာကနေ ၁၉၄၂ ခုနှစ်ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ သူတို့ပျောက်ဆုံးချိန်ကတည်းက ကျန်ရှိနေတဲ့သားသမီးတွေဟာ ရှာဖွေမှုတွေပြုလုပ်ခဲ့တာပါ။

သူတို့ရဲ့ အသက်အငယ်ဆုံးသမီးဖြစ်သူ အသက် ၇၉ နှစ်အရွယ် မာစီလင် ကတော့ မိဘတွေနဲ့ထိုက်တန်တဲ့ ဈာပနပွဲကို ကျင်းပသွားမယ်လို့ ပြောပါတယ်။အလောင်းတွေကိုDNAစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ရက်ချီကြာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။လက်စ်ဒီယာဘက်လက် အပန်းဖြေစခန်းအထက်ပိုင်းမှာရှိတဲ့ ဆန်ဖလူရွန် ရေခဲမြစ် အတွင်းက အလောင်းတွေကို စကိတ်ကုမ္ပဏီဝန်ထမ်းတစ်ဦးကတွေ့ခဲ့လို့ ရဲတွေကို အကြောင်းကြား ခဲ့တာ ဖြစ်ပါတယ်။

စာအုပ်တစ်အုပ်၊ကျောပိုးအိတ်တစ်လုံး၊သံခွက်တွေ၊ဖန်ပုလင်းတစ်လုံး၊ အမျိုးသားနဲ့ အမျိုးသမီးစီးရှူးဖိနပ်တွေနဲ့ ရေခဲအောက်က အလောင်းအစိတ်အပိုင်းတစ်ချို့ကို တွေ့ထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။မာစီလင်ဟာ သေဆုံးချိန်မှာ အသက်(၄၀)အရွယ် ဖိနပ်ချုပ်သမား တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူကတော့ ပျောက်ဆုံးချိန်မှာ အသက်(၃၇)နှစ်ရှိပြီဖြစ်တဲ့ ဆရာမတစ်ဦး ဖြစ်ပါတယ်။သူတို့မှာ သား(၅)ယောက်နဲ့ သမီး(၂)ယောက် ထွန်းကားခဲ့ပါတယ်။


21 Jul 2017     1,330 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS