မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကားစနစ် ပဲရစ်တွင် စတင်ပြေးဆွဲ
21 Jul 2017 1,346 Views

အလိုလျှောက်မောင်းနှင်သွားလာတဲ့ မြို့တွင်း ဘတ်စ်ကားစနစ်ကို ဥရောပရဲ့ အကြီးမားဆုံး စီးပွားရေးအချက်အချာဖြစ်တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။
Navya Technologies SAS က ထုတ်လုပ်ထားတဲ့ လျှပ်စစ်ဘတ်စ်ကားတွေဟာ မောင်းနှင်သူလုံးဝ မပါတဲ့ ၁၀၀% နှုန်း မောင်းသူမဲ့ အများသုံး ဘတ်စ်ကားတွေဖြစ်ပါတယ်။ ဒါ့အပြင် ပဲရစ်ရဲ့ မြို့လည်ကောင်မှာ ၇ ရက်ပတ်လုံး လမ်းကြောင်း သုံးခုပေးဆွဲနေပြီး ယာဉ်စီးခကတော့ အခမဲ့ Free ဖြစ်ပါတယ်။
မောင်းသူမဲ့ ဘတ်စ်ကားတွေ ပြေးဆွဲနေတဲ့ Paris La Defense နေရာက လူအလွန်ရှုပ်ထွေးပြီး တစ်ရက်လျှင် ဧည့်သည် ၅ သိန်းခန့် အမြဲမပြတ် လာရောက်လည်ပတ်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ကျရင် ဒီဇယ်အသုံးပြုရတဲ့ ယာဉ်တွေအားလုံးကို အမြစ်ပြတ်ရှင်းလင်းဖို့ ပဲရစ်၊ မဒရစ်၊ အေသင်နဲ့ မက္ကစီကိုမြို့ကြီးများက သဘောတူဆုံးဖြတ်ထားကြောင်း သိရှိရပါတယ်။