BEC-TERO TV

မကြာခင် ရင်သွေးယူတော့မယ့် မြင့်မြတ်

21 Jul 2017     1,462 Views


လက်တလောရုံတင်ပြသနေတဲ့ Original Gangster 2 နဲ့အောင်မြင်နေတဲ့ မြင့်မြတ်ဟာ ဆက်လက်ပြီးရုံတင်မယ့် ဘုန်းကညာနှစ်ပါး ရုပ်ရှင်ကားမှာလဲ ပရိတ်သတ်စိတ်ဝင်စားမှု ရရှိနေပါတယ် ။ ကျွန်ဇာတ်ကား ကိုလဲ စရိုက်ထဲကပေါက်မယ်လို့ ထင်ခဲ့တယ် ။ အခုလို အုန်းကနဲကြီးဖစ်မယ်လို့တော့မထင်ထားမိဘူး ။ သေချာတာကတော့ ရိုက်ကူးနေတဲ့ အချိန် အားလုံးတက်ညီလက်ညီကြိုးစားခဲ့ပြီးအရမ်းလဲပင်ပန်းခဲ့ကြတယ် ။အရမ်းပူနေတဲ့အချိန် ပုဂံမှာ ရိုက်ထားရတာ ။ပေးချင်တဲ့ message ကလဲတခုမှ မကောင်းတာမပါဘူး ။ပရိုဂျုဆာ ၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာတွေ ရှင်းလိုက်လို့ ဒီကိစ္စက ပြီးသွားပါပြီ ။

ယောက်င်္ကျားဆန်တဲ့ မြင့်မြတ်က မိန်းမလျှာ ပုံစံသရုပ်ဆောင်တဲ့ အခါ ဟာသပုံစံတွေဖြစ်နေခဲ့ပါတယ်။အမှန်တကယ်ဆို အပြင်ကမိန်မလျှာတွေက ပိုပြီးတော့တောင် သိမ်မွေ့နူးညံ့ကြပါတယ် ။ ကျွန်တော်ကာရိုက်တာကလွဲနေပါသေးတယ် ။ ကျွန်တော်က ပလပ်ပလပ်နဲ့ စပ်စလူးအခြောက်ဖြစ်နေပါသေးတယ် ။

ကျွန်တော်ပြောလိုက်တဲ့ ဗန်းစကားတွေ ပရိတ်သတ်တွေကြားရေပန်းစားတယ်ဆိုတော့ အရမ်းဝမ်းသာရပါတယ် ။ဘာပဲ ဖြစ်ဖြစ်ကိုယ်လုပ်တဲ့ အလုပ်အရာထင်တဲ့ အခါ ကျေနပ်ကြ ပျော်ရွှင်ကြတာပဲလေ ။ ရိုက်နေတုန်းအချိန်ကတော့ ဒီစကားလုံးကြီးပေါက်သွားစေဆိုပြီးဟ ရည်မှန်းရိုက်ခဲ့တာမဟုတ်ပေမယ့် လုပ်ရတဲ့ အိုက်တင်နဲ့ အဲ့ဒိစကား အပ်စပ်သွားခဲ့တာပါ ။

အိမ်ထောင်ကျပြီးမှ ပိုအောင်မြင်လာတဲ့ အတွက် ဘာပဲဖြစ်ဖြစ်အိမ်ထောင်ကျပြီးမှ ပိုကံကောင်းလာတယ်ပြောရမယ် ။ ရင်သွေးယူဖို့ကတော့ အခြေအနေလေးတစ်ခုရှိနေသေးလို့ပါ ။ယူတော့မှာပါ အချိန်လေးတခုကိုစောင့်နေလို့ပါ လို့ ပြောသွားခဲ့ ပါတယ် ။

Credit:oasis


21 Jul 2017     1,462 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment