BEC-TERO TV

ယောက်ျားအလိုကိုလိုက်ရင်း တစ်နှစ်အတွင်း ခလေး ၄ ကြိမ်ဖျက်ချရပြီး အမျိုးသမီးသေဆုံး

21 Jul 2017     1,519 Views


တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းသည်အလိုကျ သားယောက်ျားလေး မွေးဖွားနိုင်ရန် ကြိုးစားရင်း တစ်နှစ်အတွင်း ကိုယ်ဝန်ဖျက်ချမှု ၄ ကြိမ်ပြုလုပ်ခဲ့ရာမှ နောက်ဆုံးတွင် ခင်ပွန်းသည်က ပစ်ပယ်ခဲ့ပြီး သေဆုံးခဲ့သည်။

အဆိုပါအမျိုးသမီးသည် လွန်ခဲ့သော လေးနှစ်ခန့်က သမီးလေးတစ်ဦးဖွားမြင်ခဲ့သည်။ နောက်ပိုင်းတွင် တရုပ်ပြည်၌ သားသမီး တစ်ဦးတည်းရှိခြင်းက ခေတ်မစားတော့သည့်အတွက် ခင်ပွန်းဖြစ်သူက ကလေးထပ်ယူရန် ဖိအားပေးခဲ့သည်။ ထိုမျှသာမက ဒီတစ်ခါ ယေက်ျားလေးပဲ မွေးရမည်ဟု ရာဇသံထုတ်ခဲ့သည်။

သို့သော် ကိုယ်ဝန်ရလာတိုင်း စစ်ဆေးခဲ့ရာ မိန်းမလေးချည်း ဖြစ်နေသည့်အတွက် ယောက်ျားဖြစ်သူက ကိုယ်ဝန်ဖျက်ချခိုင်းခဲ့ရာ တစ်နှစ်ထဲမှာတင် ကိုယ်ဝန် ၄ ကြိမ် ဖျက်ချခဲ့ရသည်။ ကိုယ်ဝန်ဖျက်ချမှုများကြောင့် အမျိုးသမီး၏ ကျန်းမာရေးအခြေအနေမှာ ယိုယွင်းလာခဲ့သည်။ အတော်ကြီး နေထိုင်မကောင်း ဖြစ်လာသည့်အခါက ယောက်ျားက ကွားရှင်းပြတ်စဲလိုက်လေသည်။

ကွာရှင်းခံရတဲ့အတွက် ရလာတဲ့ ယွမ်ငွေ ၁၇၀,၀၀၀ နဲ့ ရှန်ဟိုင်းဆေးရုံပေါ်တွင် ဆေးကုသခံနေရာမှ သေဆုံးသွားခဲ့သည်။ သေဆုံးရသည့် အကြောင်းရင်း အတိအကျကို ဆေးရုံမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။

 

လပေါင်းအချို့ အမျိုးသမီး ဆေးရုံတက်နေချိန်တွင် ခင်ပွန်းဟောင်းမှ လာမကြည့်ခဲ့သည့်အပြင် ကားအသစ်ဝယ်ယူကာ နောက်အိမ်ထောင်ပြုရန် စီစဉ်နေကြောင်း အမျိုးသမီး၏ ဆွေမျိုးများက ပြောကြားသည်။
ဆွေမျိုးများက အမျိုးသမီး၏ အရိုးအိုးကို ခင်ပွန်းဟောင်းထံသို့ သွားပေးရာတွင် လုံးဝ အတွေ့မခံပဲ ရှောင်နေခဲ့သည်။

တရုပ်နိုင်ငံတွင် အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဘာလေးမွေးမှာလဲဟု သိလိုသော အကြောင်းပြချက်ဖြင့် အာထရာဆောင်း တရားဝင် ရိုက်ခွင့်မရှိပေ။ သို့သော် ဆေးရုံများကလည်း စီးပွားရေးအရ မသိဟန်ပြုကာ လုပ်ပေးနေကြသည်မှာ မထူးဆန်းသလိုဖြစ်နေသည်။
 


21 Jul 2017     1,519 Views




RELATED

Most Popular of Special or Others

Most Popular of NEWS