ချင်းတိုင်းရင်းသူတစ်ဦး နောက်စိကို သေနတ်နှင့်လုပ်ကြံပစ်သတ်ခံရ
23 Jul 2017 1,751 Views

ချင်းပြည်နယ် တမူးမိုးရေးတွင် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူ ချင်းလူမျိုးတစ်ဦးကို နေအိမ်တွင် သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း ချင်းမီဒီယာ (Zomi Post News Journal) တွင် ဖော်ပြထားကြောင်း သိရှိရသည်။


ချင်းဘာသာဖြင့် ရေးသားဖော်ပြချက်များအရ တမူးမိုးရေတွင် ချင်းလူမျိုး အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူ နေအိမ်တွင်ရှိနေစဉ် လူစိမ်းတစ်ဦးက အိမ်ထဲသို့ဝင်လာကာ ရေနွေးတစ်ခွက်လောက် သောက်ပါရစေဟု ပြေသဖြင့် ကောင်မလေးက သွားယူစဉ် ပစ္စတိုသေနတ်ထုတ်ကာ နောက်ကနေ ပစ်ထည့်လိုက်သဖြင့် နောက်စိပွင့်ကာ နေရာတွင် သေဆုံးသွားခဲ့သည်။

မည်သည့်အကြောင်းရင်းကြောင့် မည်သူက ပစ်သွားသည်ကိုမူ မသိရှိရသေကြောင်း အဆိုပါသတင်းစာမျက်နှာတွင် ချင်းဘာသာဖြင့် ရေးသားဖော်ပြထားခဲ့သည်။
သတင်းရင်းမြစ်−Zomi Post News Journal







