BEC-TERO TV

တရားမဝင် ဘင်္ဂါလီလူမျိုး(၄)ဦး တင်ဆောင်လာသူများအား ဖမ်းဆီး

23 Jul 2017     1,233 Views


ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း​ဒေသကြီး ပြည်​ခရိုင်​ ရွှေ​တောင်​မြို့နယ်​၊ နွားမယံ​ကျေးရွာအုပ်​စု၊ ဆင်​မကြပ်​လမ်းဆုံ၊ ရန်​ကုန်​-ပြည်​ ကားလမ်းပေါ်တွင် ဘင်္ဂါလီလူမျိုး (၄)ဦးကို တရားမဝင်တင်ဆောင်လာသူများကို ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။


ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ပြည်​ဘက်​မှ ရန်​ကုန်​ဘက်​သို့​ မောင်းနှင်​လာ​သော DD/xxxx City Taxi စူပါရုဇ်​ အမျိုးအစား ဗင်​အဖြူ​ရောင်​ယာဉ်​​ပေါ်တွင်​ ဘင်္ဂါလီလူမျိုးများ လိုက်​ပါလာ​ကြောင်း သတင်းရရှိခဲ့သဖြင့် ရပ်​တန့်စစ်​​ဆေး ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် ရခိုင်ပြည်နယ်မှ လိုက်ပါလာသူ ကျော်​သိန်းလှိုင်​(ခ)မူဆိုမန်း (၁၉)နှစ်​၊​ စောနိုင်​(ခ)မူဆယ်​မန်း (၁၄)နှစ်​၊ ထွန်းနိုင်​(ခ)​စောင်​ဒရှဲယ်​ (၁၆)နှစ်​ ၊​နူ​ဆောင်​(၁၁)နှစ်​တို့ ၄ ဦးကို တွေ့ရှိခဲ့ရသည်။


တရားမဝင် ဘင်္ဂါလီများ တင်ဆောင်လာခဲ့သည့် ယာဉ်မောင်း ဦးကျော်လှ (၃၇)နှစ်နှင့် ယာဉ်နောက်လိုက် ထွန်းထွန်း(ခ)အစ္စမိုင် (၃၃)နှစ် ရန်ကုန်မြို့တွင် နေထိုင်သူတို့အား (ပ)၁၁၃၄/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၆ရအရအမှုဖွင့် အ​ရေးယူကာ စစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

သတင်းရင်းမြစ်−@Thant Zin

 


23 Jul 2017     1,233 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS