BEC-TERO TV

အသက်မပြည့် မိန်းကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ အလုပ်ရှင်ကို ရဲကအလိုရှိနေ

23 Jul 2017     1,335 Views


မြိတ်မြို့ရှိ ကြက်မောက်သီး စိုက်ပျိုးထားတဲ့ ခြံမှာ အသက်မပြည့်သေးတဲ့ အလုပ်သမ မိန်းကလေးငယ် ၂ ဦးအား ခြံပိုင်ရှင်က အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာကြောင့် ဇူလိုင် ၂၂ ရက်နေ့က ကျွဲကူးကျေးရွာ ရဲကင်းစခန်းမှာ ကာယကံရှင်က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။


မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၊အုပ်စု၊ ရွှေပေးကျေးရွာနေ အသက် ၁၄ နှစ် နဲ့ ၁၅ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးဟာ ဇူလိုင် ၁၉ ရက်နေ့က ခြံရှင်ဖြစ်သူ ဦးသန်းဋ္ဌေး (၄၉) က ကြက်မောက်သီးကောက်ရန် ခေါ်ခဲ့သဖြင့်  ခြံထဲသွားရောက်ခဲ့ကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။


ခြံထဲရောက်ရှိစဉ် မိန်းကလေးနှစ်ဦရဲ့ မောင်နှမတော်စပ်သူ ၂ ဦးကိုလည်း တွေ့ရပြီး ခြံပိုင်ရှင်ဖြစ်သူ ဦးသန်းဋ္ဌေးက သူတို့ ၂ ဦးကို ကြက်မောက်သီး ကောက်ဖို့နဲ့ ဆေးပလာစတာဝယ်ယူဖို့ စေခိုင်း
လိုက်ပြီး ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို ကြက်မောက် သီးအမှည့် ကောက်ဖို့ စေခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

၁၄ နှစ်အရွယ် မစန္ဒာထွေး ဆိုသူ မိန်းကလေးနဲ့ နှစ်ဦးတည်း ကျန်ရှိချိန်မှာ ဦးသန်းထွေးက ငွေတစ်သောင်းပေးမယ်၊ ဥယျာဉ်ခြံပေးမယ်၊ ဖုန်းဝယ်ပေးမယ်လို့ ပြောဆိုကာ လက်အားတုပ်နှောင် ချုံတောထဲ ခေါ်ဆောင်ပြီး မိန်းမကိုယ်နဲ့ ခန္ဓာကိုယ်အနှံ့ မဖွယ်မရာ ပြုမူခဲ့တယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

 


မိန်းကလေးငယ်က ရုန်းကန်နေစဉ် မောင်ဖြစ်သူက ဆေးပလာစတာ ရပြီဆိုပြီး ၀င်လာတာကြောင့် ဦးသန်းဋ္ဌေးက မစန္ဒာထွေးအား ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွဲကူးရဲကင်းစခန်းမှူး ရဲအုပ်တင်ထွဋ်က

ဒီလူက မိန်းကလေး ၂ ယောက်စလုံးကို စော်ကားတယ်၊ ဖြစ်စဉ်ဖြစ်နေတာက ကြာပါပြီ။ သူ့ဖခင်ကို ပြောဆိုတိုင်တန်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သိသွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကျနော်တို့ ကျွဲကူးရဲကင်းကို လာရောက်အမှုဖွင့်တိုင်တန်းခဲ့တာပါ။ ပြစ်မှုမှုကျူးလွန်သူက စဖြစ်တဲ့နေ့ကတည်းက ထွက်ပြေးသွားပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့က ဖမ်းဆီး
ရမိရေးအတွက် ဆောင်ရွက်နေပါတယ်
” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဦးသန်းဋ္ဌေးက ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကိုလည်း ခေါ်ယူကာ မိန်းမကိုယ်အား မဖွယ်မရာပြုမူခဲ့သေးတယ်လို့ ဆိုပါတယ်။

ခြံရှင်ဖြစ်သူက မိန်းကလေးငယ်နှစ်ဦးအား အဆိုပါဖြစ်စဉ်တွေကို ပြန်ပြောပါက အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် မပြောရဲခဲ့တာဖြစ်ကြောင်း ၁၄ နှစ်အရွယ် မိန်းကလေးငယ်က ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မစန္ဒာထွေးက တရားလိုပြုလုပ်တိုင်တန်းလို့ ဦးသန်းဋ္ဌေးအား မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ထားပြီး တရားခံကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


သတင်းရင်းမြစ်−DVB
 


23 Jul 2017     1,335 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS