မိခင်စိတ်ကင်းမဲ့စွာ စွန့်ပစ်ခံရသည့် လသားကလေးငယ် သေဆုံး
24 Jul 2017 1,689 Views

ဇူလိုင်လ(၂၄)ရက် ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရန်အောင်မြင်လမ်းရှိ ခြံတစ်ခြံရှေ့တွင် လသားကလေးငယ်တစ်ဦးကို လာရောက် စွန့်ပစ်ထားကြောင်း သိရှိရသည်။

အဆိုပါခြံတွင်နေထိုင်သော အိမ်ရှင်ဖြစ်သူ ဒေါ်အေးမာမှ ဈေးသွားရန် ခြံထဲမှထွက်လာစဉ် အသက်(၇)လအရွယ် ကလေးငယ်တစ်ဦးကို ထီးမိုးထားလျှက် မြေကြီးပေါ်တွင် ချထားလျှက် တွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားခဲ့ပြီး အမှတ် (၄)ရကအမအဖွဲ့နှင့် နယ်မြေရဲတို့မှ လာရောက်စစ်ဆေးရာ ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး သေဆုံးလျှက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ လာရောက်စွန့်ပစ်ခဲ့သူကို စုံစမ်းရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။
သတင်းရင်းမြစ်−မောင်မောင်ညွန့်








