BEC-TERO TV

အမေရိကန်နှင့်တရုတ် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ

24 Jul 2017     1,391 Views


အမေရိကန်နဲ့တရုတ်နိုင်ငံကြားက စီးပွားရေးလုပ်ငန်းတွေကြား လုပ်ငန်းသဘောအရ ဆက်ဆံ ရေးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းရှိခဲ့တဲ့အခြေအနေထက်ပိုပြီး ကောင်းမွန်လာတယ်လို့ အမေရိကန်စီးပွားကူးသန်းဝန်ကြီး ““၀ီလ်ဘာ ရော့စ်””က ပြောလိုက်ပါတယ်။ဝါရှင်တန်မှာကျင်းပတဲ့ အမေရိကန်-တရုတ်စီးပွားရေးခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ၀န်ကြီးက အခုလိုပြောလိုက်တာပါ။

တရုတ်နဲ့အမေရိကန်နိုင်ငံတို့က စီးပွားရေးလုပ်ငန်းတွေရဲ့ခေါင်းဆောင်ပိုင်းက လူပေါင်း(၂၀)တို့ဟာ တရုတ်-အမေရိကန်စီးပွားရေးဆက်ဆံရေးမှာ စိန်ခေါ်မှုတွေရှိနေတာကို ဖြေရှင်းနိုင်မယ့်အဖြေရရှိဖို့ရည်ရွယ်ပြီး နှစ်ပတ်လည်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြတာပါ။ကုန်သွယ်ရေး ဆွေးနွေးပွဲအတွင်း တိကျတဲ့တိုးတက်မှုတွေ ရက်ပေါင်း ၄၀ အတွင်းရှိလာအောင် အမေရိကန် အမဲသားတွေကို တရုတ်နိုင်ငံက ၁၄ နှစ်ကြာပိတ်ထားမှုကို အပြောင်းအလဲရှိလာအောင် ဆွေးနွေးခဲ့ကြပြီး အောင်မြင်ဖို့မျှော်လင့်တယ်လို့ မစ္စတာရော့စ်က ပြောပါတယ်။ အစိုးရကဏ္ဍက စီးပွားရေးတိုးတက်အောင်နဲ့ဆန်းဆစ်လာအောင်လုပ်ဖို့ လိုအပ်တဲ့အခြေအနေတွေကိုပဲ ဖန်တီးပေးနိုင်တာဖြစ်တာကြောင့် ပုဂ္ဂလိကကဏ္ဍမှာ အခြေအနေတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အရေးပါနေတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။

တရုတ်နဲ့အမေရိကန် စီးပွားရေးခေါင်းဆောင်တွေဟာ စိုက်ပျိုးရေး၊စွမ်းအင်၊ ထုတ်လုပ်ရေးနဲ့ဘဏ္ဍာရေးကဏ္ဍတွေကို တစ်ရက်ကြာထိပ်သီးဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။တရုတ်နဲ့အမေရိကန်တို့ဟာ အတိတ်ကာလတုန်းကထက် ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးပိုပြီးတိုးတက်လာတယ်လို့ အလီဘာဘာဥက္ကဋ္ဌ““ဂျက်မာ””ကပြောပါတယ်။ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ဒုတိယအကြိမ်မြောက် တရုတ်-အမေရိကန် စီးပွားရေး ခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံမှာကျင်းပသွားဖို့ သဘောတူညီ ခဲ့ကြပါတယ်။


24 Jul 2017     1,391 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS