BEC-TERO TV

လာမယ့်ဩဂုတ်လ ပထမအပတ်မှာ ရန်ကုန်ဝါးတားဘတ်စ် စတင်ပြေးဆွဲမည်

24 Jul 2017     1,233 Views


ရန်ကုန်ဝါးတားဘတ်စ်တွေကို လာမယ့်ဩဂုတ်လ ပထမအပတ်မှာ စတင်ပြေးဆွဲ သွားမယ်လို့ သိရပါတယ်။ “ပုံမှန်ထက် နောက်ကျသွားတယ်၊ ဆိပ်ကမ်းမှာ သင်္ဘောရပ်ဖို့ နေရာအခက်အခဲဖြစ်နေတာပါ”လို့ တင့်တင့်မြန်မာကုမဏီမှ ဒါရိုက်တာ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။ မြစ်ကြောတစ်ကြောင်းသာ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။ လှိုင်သာ ယာကနေ ဗိုလ်တထောင်ဘုရားအထိ စတင်ပြေး ဆွဲမှာ ဖြစ်ပြီး ဆိပ်ကမ်းခုနစ်ခုကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

လှိုင်သာယာ၊ အင်းစိန်၊ ဘုရင့် နောင်၊ ကြည့်မြင်တိုင်၊ လသာ၊ ပန်းဆိုးတန်း နဲ့ ဗိုလ်တထောင်ဆိပ်ကမ်းတွေမှာ ဂျက်တီတွေ တည်ဆောက် ပြီးသွားပြီလို့ သိရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ငမိုးရိပ်ချောင်းတစ်လျှောက်မှာလည်း ဂျက်တီတွေဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သင်္ဘောတွေလည်း ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေကို ရောက်ရှိနေပြီး ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။

“နောက်အခက်အခဲက အစ်မတို့က ပါမစ်ကျတုန်းက အစ်မတို့အတွက် သီးသန့်လုပ်ပိုင်ခွင့်လို့ ထင်တာ၊ အဲဒါကြောင့် အစ်မတို့ဘက်က ရှိသမျှ နည်းပညာအကုန်သုံးပြီး ဂျက်တီတွေ ဆောက်ခဲ့တာပါ”လို့ သူကပြောပါတယ်။

ဂျက်တီခုနစ်ခု အတွက် တစ်ဘီလျံ အကုန်အကျခံတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောအနေအထားအရ ဆိပ်ကမ်းလေးခုက ဂျက်တီတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ အတူတူ တစ်ဝက်စီ ခွဲဝေအသုံးပြုရမယ်လို့ သိရပါတယ်။ သင်္ဘောစီးခက ၃၀ဝ ကျပ်ဖြစ်ပြီး အသက်အာမခံကြေး ပါဝင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ သင်္ဘောတွေကို ဩစတြေးလျားနိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့မှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Credit : kumudranews

(Author / အောင်လေး)


24 Jul 2017     1,233 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS