BEC-TERO TV

ဗောက်ပျောက်ဆေး ခေါင်းလျှော်ရည်ကြောင့် ဆံပင်ကျွတ်နိုင်ပါသလား

24 Jul 2017     1,911 Views


ရာသီဥတုက စိုစွတ်လို့ ဖြစ်စေ၊ ခေါင်းချွေးထွက်လို့ဖြစ်စေ ဦးရေပြားအဆီနဲ့ အရေပြားဆဲလ်တို့ ပေါင်းမိပြီး အဖြူရောင် အဖတ်လေးတွေ ဖြစ်လာတာကို ဗောက်ထတယ်လို့ အများက သိထားကြပါတယ်။

 

ဗောက်ထလာတာနဲ့ တစ်ပြိုင်နက် ဦးရေပြားယားယံလာပြီး ကုတ်မိတဲ့အခါ လက်သည်းကြားထဲမှာ အဖြူဖတ်လေးတွေ ကွာကျပါလာတတ်ပါတယ်။ လူတွေက အဲဒီလိုအခြေနေမျိုးရောက်ပြီဆိုတာနဲ့  ဗောက်ပျောက်ဆေးပါတဲ့ Anti-Dandruff Shampoo ခေါင်းလျှော်ရည်ကို အသုံးပြုပြီး ခေါင်းလျှော်လိုက်တဲ့အခါ ဗောက်တွေကင်းစင်ပြီး ဦးခေါင်းပြန်လည် သန့်ရှင်းလာပါတယ်။
 
ဒါပေမယ့် ပြသနာက ဒီလိုဗောက်ပျောက်ဆေး ခေါင်းလျှော်ရည်နဲ့ အမြဲခေါင်းလျှော်နေရင် ဆံပင်တွေကျွတ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတတ်သာလို့ ဗောက်ပျောက်ဆေးပါတဲ့ ခေါင်းလျှော်ရည်ကို ဝယ်ယူတဲ့အခါ အသေးဆုံးဗူးလေးတွေကိုသာ ရွေးချယ် ဝယ်ယူလေ့ရှိပါတယ်။ Anti-Dandruff Shampoo ကို အမြဲသုံးခြင့်ကြောင့် တစ်ကယ်ပဲ ဆံပင်ကျွတ်စေပါသလား…?
 
ဟုတ်ကဲ့၊ Anti-Dandruff Shampoo ကို နေ့စဉ်သုံးခြင်းဖြင့် မပြောပလောက်သော ဆံပင်ကျွတ်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူအတော်များများက ဆံပင်ကျွတ်ရတာဟာ Anti-Dandruff Shampoo နဲ့လျှော်လို့ လို့ မှတ်ယူထားကြပါတယ်။
 
တစ်ကယ်တော့ Anti-Dandruff Shampoo နဲ့ လျှော်သည်ဖြစ်စေ၊ မလျှော်သည် ဖြစ်စေ ဆံပင်တွေက သဘာဝအလျှောက် နေ့စဉ်အလိုလို အနည်းငယ်စီ ကျွတ်တတ်ပါတယ်။ ခေါင်းဘီးတွေ၊ အဝတ်အစားတွေမှာ ကျွတ်ကျနေတာကို တွေ့မြင်နိုင်ပါတယ်။
 
သေချာတာတစ်ခုကတော့ ဦးရေပြား ကျန်းမာနေရင် ဆံပင်ကျွတ်တာတွေ နည်းလာမှာ ဖြစ်ပါတယ်။ ဦးရေပြားကျန်းမာနေဖို့ ဆိုရင် ဗောက်မရှိဖို့လိုပါတယ်။ ဗောက်ယားလို့ ကုတ်မိတဲ့အခါ အခန့်မသင့်လို့ ဦးရေပြား ပေါက်ပြဲရာကနေ မမြင်နိုင်တဲ့ ရောဂါပိုးတွေဝင်ပြီး မလိုလားအပ်တဲ့ ဦးရေပြားရောဂေါတွေ ဖြစ်စေတတ်ပါတယ်။
 
Anti-Dandruff Shampoo မှာ ဓါတုဗေဒပစ္စည်းတွေ ပါဝင်တယ်ဆိုတာမှန်ပေမယ့် အတော်လေးပျော့ပြောင်းပြီး ဗောက်ရှင်းထုတ်ဖို့နဲ့ ဆံပင်မကျွတ်အောင် ကာကွယ်ဖို့ ပြုလုပ်ထားတာဖြစ်ပါတယ်။ (နာမည်ရှိပြီးသား အမှတ်တံဆိပ်များကိုတော့ ရွေးချယ်သုံးရန် လိုတာပေါ့)
 
ဗောက်ထလို့ Anti-Dandruff Shampoo နဲ့ တစ်ကြိမ်ခေါင်းလျှော်ပြီးနောက် အခြားရိုးရိုးရှန်ပူတွေနဲ့ ပြောင်းလျှော်တာဟာ နည်းလမ်းမမှန်ကန်ဘူးလို့ ကမ္ဘာကျော် ခေါင်းလျှော်ရည် အမှတ်တံဆိပ် “head & shoulders” က ဖော်ပြထားပါတယ်။
 
ဘာကြောင့်လဲဆိုတော့ ခေါင်းလျှော်ပြီးနောက်မှာ ဗောက်ယားတာမျိုး မရှိတော့ပေမယ့် ဗောက်ကိုရှင်းလင်းပြီး ဦးရေပြားကို အားဖြည့်စေမယ့် လုပ်ဆောင်ချက်တွေက လိုဦးမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဗောက်ထလို့ ခေါင်းလျှော်တဲ့အခါ နည်းလမ်းမှန်ကန်ဖို့လည်းလိုပါတယ်။ ခေါင်းလျှော်ရည်ဗူးကို ရောသမစေရန် အရင်လှုပ်ခါပါ။ လိုအပ်သလောက် ပမာဏကို မိမိရဲ့ လက်ဖဝါးထဲထည့်ပြီး ဆံပင်ရဲ့ ဦးရေပြားထိအောင် ညင်သာစွာ ပွတ်လျှော်ပါ ထို့နောက် ၂ မိနစ်ခန့်ထားပြီးမှ ရေဆေးချပါ။ ယခင်အတိုင်း နောက်တစ်ကြိမ် ပြုလုပ်ပြီး ယခုအကြိမ်တွင် ၅ မိနစ်ခန့်ထားပြီးမှ ခေါင်းလျှော်ပါ။
 
“head & shoulder” ၏ အဆိုအရ သူ့အမှတ်တံဆိပ် Anti-Dandruff Shampoo များကို တစ်မျိုးတည်းသာမဟုတ် နှစ်မျိုးရောစပ်ပြီးလည်း နေ့စဉ် စိတ်ချလက်ချ အသုံးပြုခေါင်းလျှော်နိုင်ကြောင်း ဖော်ပြထားသည်။
 
သဘောတရားအားဖြင့် Anti-Dandruff Shampoo နေ့စဉ်သုံးခြင်းကြောင့် ဆံပင်မကျွတ်ပါ။ ဆံပင်ကျွတ်နိုင်တဲ့ အခြားအကြောင်းအရာတွေ အများကြီးရှိတာကြောင့် အကယ်၍ သိသိသာသာဆံပင်ကျွတ်နေပြီဆိုပါက ကျွမ်းကျင်သော ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။
 
ဖော်ပြပါ ဆောင်းပါးသည် အထွေထွေဗဟုသုတ အကြောင်းအရာသာဖြစ်ပြီး ကျန်းမာရေးဆောင်းပါး မဟုတ်သကဲ့သို့ ကြော်ငြာဆောင်းပါးလည်း မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
 

24 Jul 2017     1,911 Views




RELATED

Most Popular of Health Fix

Most Popular of NEWS