BEC-TERO TV

သားသမီးတွေအပေါ်မေတ္တာပေးနိုင်လို့ လက်တွဲဖော်အဖြစ်ရွေးမိသွားတာဆိုတဲ့ ကြာစိ

24 Jul 2017     1,420 Views


လူရွှင်တော်ဟာသ သရုပ်ဆောင်ကြာစိက  ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မှာဖြစ်ပြီး  လက်ထပ်ဖို့အတွက် pre wedding ဓာတ်ပုံတွေကိုဇူလိုင်လ (၁၆) ရက်နေ့က ရိုက်ကူးခဲ့ပြီးပါပြီ ။  ကြာစိက ချစ်သူနဲ့ပတ်သတ်ပြီးတော့လည်း " ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေးက ကျွန်တော် တို့ချစ်သူ သက်တမ်းကာလအတွင်းမှာ တစ်ယောက်ကို တစ်ယောက် လေ့လာခဲ့ပြီးပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မူရှိကြပါတယ်"

 ကလေး တွေနဲ့ ပတ်သတ်ပြီးတော့လည်း " ကျွန်တော်တို့တွေ အကောင်းဆုံးပြုစုပျိုးထောင် စောင့်ရှောက်သွားမှာပါ " လက်တွဲဖို့စပြီးတွေးခဲ့တာကတော့ (၂) နှစ်ကျော်လောက်ရှိပါပြီ။ ကျွန်တော့်ရဲ့ သားသမီးတွေ အပေါ်လည်း နွေးထွေး၊ ကြင်နာမှု၊ မေတ္တာပေးနိုင်မယ့်သူဖြစ်လို့ ဘ၀ရဲ့လက်တွဲဖော်အဖြစ် ရွေးလိုက်တာပါ။ အသက်က တစ်ယောက်နဲ့တစ်ယောက် (၉) နှစ်လောက်ကွာပေမယ့် မောင်နှမတွေလိုပါပဲလို့ပြောပါတယ်။ တချို့ဝေဖန် မူတွေနဲ့ ပတ်သတ်ပြီးတော့လည်း " လူဆိုတာကတော့အမျိုးမျိုး ပြောနေကြတာပါပဲ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အကြောင်း ကိုယ့်ဟာကို အသိဆုံးပါပ။ဲ

“အိမ်ထောင်ရေး ကံမကောင်းခဲ့တာလည်း (၅) နှစ်ကျော်ရှိပါပြီ၊ ကျွန်တော့် ရဲ့“ကံစေရာ” သီချင်းလေးလည်း ပေါ်လာခဲ့ပါတယ်။ အဲသီချင်းလေး ရေးထားတာလည်း (၃) နှစ်လောက်ရှိပေမယ့် လွန်ခဲ့တဲ့ (၁) နှစ်လောက်ကမှ ထွက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ သေချာအချိန်ယူပြီးမှ စဉ်းစားပြီးလက်တွဲခဲ့တာပါ " လို့ပြောထားပါတယ် ။


24 Jul 2017     1,420 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment