BEC-TERO TV

H1N1 ကူးစက်ခံရသူများတွင် မော်ဒယ်လ်သရုပ်ဆောင် စုလင်းရှိန် ပါဝင်

24 Jul 2017     1,716 Views


ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ H1N1 တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၃ ယောက်ထဲတွင် သရုပ်ဆောင် စုလင်းရှိန် ပါဝင်ကြောင်း သိရှိရသည်။


စုလင်းရှိန်သည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသူတစ်ဦးဖြစ်ပြီး သရုပ်ဆောင်အလုပ်ကိုလည်း တစ်ဖက်က လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။


လက်ရှိတွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ တက်ရောက်ကုသမှု ခံယူနေပြီး ခုချိန်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန် သက်သာလာပါပြီဖြစ်ကြောင်း သတင်းရရှိသည်။



စုလင်းရှိန် အပါအဝင် H1N1 ရောဂါကူးစက်ခံနေရသူအားလုံး အမြန်ဆုံးပြန်လည်နေကောင်းဖို့ ဆုတောင်းပေးလိုက်ကြရအောင်နော်...

 

သတင်းရင်းမြစ်−MC

 


24 Jul 2017     1,716 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS