BEC-TERO TV

တရုပ်မြန်မာနယ်စပ် ခြံစည်းရိုးတွင် လျှပ်စစ်ဓာတ်အားလွှတ်ထားမှုကို မြန်မာကန့်ကွက်

25 Jul 2017     1,295 Views


မူဆယ်မြို့နှင့် ထိစပ် နေသော မြန်မာ-တရုတ်နယ်စပ် ခြံစည်းရိုး၏ တရုတ်နိုင်ငံဘက် ခြမ်းတွင် အချက်ပြစနစ်အတွက် လျှပ်စစ်ဓာတ်အားလွှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံက ကန့်ကွက် ထားကြောင်း မူဆယ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူက ပြောကြားသည်။


မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ကြားရှိ နယ်စပ်ခြံ စည်းရိုး မိုင်တိုင် (၈၁/၂)နှင့်(၈၃)ကြားတွင် လျှပ်စစ်ဓာတ်အားနှင့် အသံပေးစနစ်ပါဝင်သော ခြံစည်း ရိုးကို တရုတ်က ဇူလိုင် ၁၀ ရက် နောက်ပိုင်းကစတင်ကာ တပ်ဆင် ခြင်းဖြစ်သည်။ နယ်စပ်ခြံစည်းရိုး တွင် ယင်းကဲ့သို့ပြုလုပ်သည့် အပေါ် မူဆယ်မြို့ဒေသခံအများစု က ကန့်ကွက်ကြသည်။


မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးဆန်းလှိုင်က
ခြံစည်းရိုးရဲ့ ပေ ၅၀၀ တစ်ဖြတ်လောက်မှာ မီးနီ လင်းပြီး Alarm ထအော်တဲ့စပီ ကာ တပ်ထားတယ်။ အဲဒီကြိုးကို သွားထိတာနဲ့ နည်းနည်းတော့ ဓာတ်လိုက်မယ်။ ဘာမှတော့ အန္တရာယ်မရှိဘူး။ Alarm က ထအော်မယ်။ စပီကာအော်တာနဲ့ ချက်ချင်းလိုက်ဖမ်းမယ်။ သူတို့ အမှတ်အသားနဲ့သူတို့ ထားတာ ပေါ့။  အဲဒီလိုလုပ်တဲ့အပေါ်မှာ ဒီလိုနယ်စပ်တွေမှာ လုပ်မယ်ဆို ရင် နှစ်နိုင်ငံညှိနှိုင်းပေါင်းစပ်ပြီး လုပ်ရမှာဖြစ်တာကြောင့် ညှိနှိုင်း မှုမလုပ်တဲ့အတွက်ကြောင့် လက် ရှိလုပ်နေတာကို ရပ်ထားပေးပါ လို့ ကျွန်တော်တို့က ကန့်ကွက် လွှာပို့လိုက်တယ်” ဟု ဇူလိုင် ၂၁ ရက်တွင်ပြောသည်။


နယ်ခြားကော်မတီမှ တစ် ဆင့် တောင်းဆိုပြီးနောက် အဆို ပါ ခြံစည်းရိုးကာရံမှုကို တရုတ် ဘက်က ရပ်တန့်ပြီး နှစ်နိုင်ငံတာ ဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမည် ဟု အကြောင်းပြန်ထားကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ သတင်းရရှိသည်။


မူဆယ်ခရိုင်နှင့် တရုတ်နယ် စပ်တစ်လျှောက်သည် မိုင် ၇၀ ခန့်ဆက်စပ်နေပြီး မူဆယ်မြို့နယ် နှင့် ထိစပ်နေသော ခိုးဝင်၊ခိုးထွက် သည့်နေရာများတွင် ခြံစည်းရိုး ကို လျှပ်စစ်ဓာတ်အားလွှတ်ထား ခြင်းဖြစ်ကြောင်း ဦးဆန်းလှိုင်က ပြောသည်။


တရုတ်ဘက်က ခြံစည်းရိုး ကာရံမှုကြောင့် ခိုးဝင်၊ခိုးထွက်မှု များလျော့နည်းပြီး မြန်မာနိုင်ငံ ဘက်ခြမ်းတွင်ဖွင့်ထားသော မူး ယစ်ဆေးရောင်းဝယ်သည့် တဲအိမ်များကိုလည်း ပိုင်ရှင်များက ဖျက်သိမ်းသွားကြောင်း မူဆယ်မြို့ခံများက ပြောသည်။ သို့သော် ခြံစည်းရိုးတွင် လျှပ်စစ်ဓာတ်အားလွှတ်မည့် တရုတ်၏ အစီအစဉ်ကို ဒေသခံများက ကန့်ကွက်သည်။


တရုတ်ဘက်မှာက နယ်စပ် တစ်လျှောက် လမ်းဖော်ထားတာ။ ဘာတောမှမရှိဘူး။ ကျွန်တော်တို့ မူဆယ်ဘက်မှာက တောတွေ ချည်းပဲ။ အဲဒီတောတွေ ရှင်းလိုက် ရင်တော့ အန္တရာယ်ကင်းမယ်။အခုအတိုင်းပဲ ထားရင်တော့အခန့်မသင့်ရင် ဓာတ်လိုက်မယ်။ မိုးရွာရင်ပိုဆိုးမယ်” ဟု မူဆယ်မြို့ဒေသခံ ဦးစိုင်းဟန်က ပြောသည်။

7DayDaily

ဓာတ်ပုံ − Sai Aung Naing FB


25 Jul 2017     1,295 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS