BEC-TERO TV

ရိုးရိုးနှာခေါင်းစည်းများက H1N1 ဗိုင်းရပ်စ်ကို ထိရောက်စွာ မကာကွယ်နိုင်

25 Jul 2017     1,274 Views


ပြည်တွင်းရှိ ထုတ်လုပ် ရောင်းချနေသော ရိုးရိုး Mask (နှာခေါင်းစည်း)များသည် ရာသီတုပ်ကွေးရောဂါ(H1N1) ဖြစ်ပွားမှုကို လုံလောက်စွာ ကာကွယ်နိုင်မည် မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးမှူး ဒေါက်တာ သာထွန်းကျော်က ပြောကြားသည်။


Mask တွေ တပ်ရုံနဲ့တင် မလုံလောက်ဘူး။ အခု အပြင်မှာ ရှိတဲ့ Mask တွေရဲ့လေဝင်ပေါက် တွေက အကျယ်ကြီးတွေ။ ဗိုင်း ရပ်စ်က သေးသေးလေးတွေဆို တော့ ဖြတ်ဝင်သွားနိုင်တယ်။ ရောဂါပိုးမဝင်နိုင်တဲ့ Mask တွေရှိ တယ်။ N95 လို့ခေါ်တယ်။ ဗိုင်း ရပ်စ်သေးသေးလေးတွေ ဝင်လို့ မရဘူး။ တပ်ထားတဲ့သူတွေကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်မှု ပေးနိုင်တယ်” ဟု ၎င်းကဆိုသည်။

 

ယခုဖြစ်ပွားနေသော ရာသီ တုပ်ကွေးရောဂါ (H1N1) ရောဂါ မှာ ရောဂါပိုးရှိသူနှင့် ထိတွေ့ကိုင် တွယ်မိရာမှတစ်ဆင့် ကူးစက် တတ်ပြီး လေမှတစ်ဆင့် ကူးစက် နိုင်သည့် ရောဂါဖြစ်သဖြင့် Mask တပ်ကာ ကြိုတင်ကာကွယ်မှု ပြု လုပ်ရမည်ဟုဆိုသည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသာ N95 သည် ပြည်ပမှ မှာယူတင်သွင်းနေရသော Mask ဖြစ်ပြီး အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများတွင်သာ အသုံးပြုနေခြင်းဖြစ် သဖြင့် ပြည်တွင်းဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူ၍ မရနိုင်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောကြား သည်။

“ဈေးကွက်မှာလည်း ဝယ်ရ ခက်တယ်။ ရိုးရိုး Mask က လူအုံ နေတဲ့နေရာမှာ တပ်ထားရင်တော့ အဆင်ပြေတယ်။ ကာကွယ်ပေး နိုင်တယ်။ တကယ့်လူနာနဲ့တွေ့ တဲ့အချိန်ကျရင်တော့ ကာကွယ်မ ပေးနိုင်ဘူး။ အဓိကလူနာကို တပ် ပေးထားဖို့ လိုတယ်။ ဒါဆိုရင် လူနာဆီက ရောဂါပိုးတွေ မထွက် လာတော့ဘူး” ဟု ၎င်းကဆိုသည်။

အစိုးရဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ကူးစက်ရောဂါ ဖြစ်ပွားနိုင်သော လူနာများနှင့် လူနာ၏ မိသားစုဝင်များအတွက် WHO အသိအမှတ်ပြု N95 Mask များ မှာယူကာ တပ်ဆင်ပေးမည် ဖြစ်သည်။


 ရောဂါဖြစ်ပွားသူများသည် အကာအကွယ်အသုံးပြုမှု အား နည်းပါက အခြားသူများသို့ ကူး စက်ပြန့်ပွားမှုများရှိနိုင်ပြီး ရောဂါ ကြောင့် နောက်ဆက်တွဲရောဂါ အဖြစ် ဦးနှောက်ရောင်ရောဂါနှင့် ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်ပွားကာ သေဆုံးသည်အထိ ရှိနိုင်သည်။
ထို့ကြောင့် ရောဂါကာကွယ် ရေး လုပ်ဆောင်ရန်များကို အစိုးရက သတိပေးနေသည်။


7DayDaily
 


25 Jul 2017     1,274 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS