BEC-TERO TV

အနုပညာကို ဝါသနာမပါတဲ့ ဒွေးရဲ့သား ဝေယံမိုး

25 Jul 2017     1,502 Views


အကယ်ဒမီဒွေးနဲ့ မမိုးမိုးတို့ရဲ့ သားဖြစ်သူ ဝေယံမိုးက အခုလက်ရှိမှာ အသက်၂၁ နှစ်ရှိပြီဖြစ်ပြီး စင်ကာပူမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဒွေး ၁ဝ နှစ်ပြည့် အမှတ်တရပွဲရှိတဲ့အတွက် မြန်မာနိုင်ငံကို ခေတ္တပြန်လာခြင်းဖြစ်ပါတယ်။

ဒွေးကွယ်လွန်ခဲ့ချိန်မှာတော့ ဝေယံမိုးက အသက် ၁ဝ နှစ်ဝန်းကျင်ခန့်ပဲ ရှိပါသေးတယ်။

"သူဆုံးတာက လွန်ခဲ့တဲ့ ၁ဝ နှစ်ကဆိုတော့ ကျွန်တော် ၁ဝ နှစ် ၁၁ နှစ်လောက်ရှိပြီပေါ့၊ ကျွန်တော်မွေးနေ့မှာ သူနောက်ဆုံးလက်ဆောင် စက်ဘီးလေးဝယ်ပေးခဲ့တယ်။ အဲဒါလေးကတော့ အခုထက်ထိမှတ်မိပါသေးတယ်။ ဇာတ်ကားရိုက်ကွင်းတွေတော့ လိုက်ဖြစ်ပါတယ်။ တစ်ခါတလေ ကျရင် မေမြို့မှာဇာတ်ကားရိုက်ရင် တစ်နှစ်ကို ၃ ခါ ၄ ခါလောက်လိုက်တယ်။ တောထဲမှာ ဆော့ကစားခဲ့တာတွေတော့ အမှတ်တရဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အနုပညာကိုဝါသနာမပါတော့ အပြင်ဘက်ကအပိုင်းနဲ့ပဲ လေးစားတာပေါ့။ သူ့ရဲ့အနုပညာကိုလည်း လေးစားပါတယ်။ ဒါပေမဲ့ ကျန်တော်က အနုပညာကိုစိတ်မဝင်စားတော့ အဲဒါတွေ ကျွန်တော်မစဉ်းစားဘူးပေါ့" လို့ ဖခင်ဖြစ်သူနဲ့ ပက်သက်တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဒွေးကို အခုအချိန်အထိ သတိတရရှိပြီးအားပေးကြတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့လည်း ဝေယံမိုးကဆိုပါတယ်။
ဝေယံမိုးက အခုအချိန်မှာ ကျောင်းမပြီး သေးတဲ့အတွက် ကျောင်းဆက်တက်နေပြီး ကျောင်းပြီးရင်တော့ မိခင်ဖြစ်သူ မိုးမိုးကို လုပ်ကျွးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

"အခု ကျွန်တော် ဆုံးဖြတ်ချက်ချထားတာကတော့ ကျောင်းပြီးသွားရင် အလုပ်လုပ်မယ်။ အနုပညာ တွေ ဘာတွေလည်းမစဉ်းစားဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လွတ်လွတ်လပ်လပ်နေမယ်။ ကိုယ်ရတဲ့အလုပ်ကိုပဲ ကိုယ်အောင်မြင်အောင်လုပ်ရမှာပေါ့။ စင်ကာပူမှာပဲ ဆက်နေဖြစ်ပါမယ်။ ကျွန်တော်ညီမလေး ဆည်းလည်းက အနုပညာအလုပ်လုပ်ချင်တော့လည်း လုပ်ပေါ့။ ကျန်တော် တားတာမျိုးတော့မရှိဘူး။ အကူအညီလိုတော့လည်း ကျွန်တော်က အစ်ကိုအကြီးဆုံးဆိုတော့ သူလိုအပ်တဲ့အချိန်မှာ အကူအညီပေးရမှာပေါ့။ အမေ့ကိုကျတော့ ကျွန်တော်ကျောင်းပြီးမှပဲ ပြန်ပြီးထောက်ပံ့ရမှာပေါ့။ အခုကျောင်းမပြီးခင် နောက်တစ်နှစ်လောက်ကတော့ စာပဲဆက်လုပ်ရမှာပေါ့"လို့ပြောပါတယ်။

သတင်းရင်းမြစ်−ပေါ်ပြူလာ

ဓါတ်ပုံ−မမိုးမိုး FB

 


25 Jul 2017     1,502 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS